Movie & Music: သီချင်းတစ်ပုဒ် အတူဖန်တီးကြမယ့် ဂျက်စတင်ဘီဘာနဲ့ ဇေးမောလစ်ခ်

အပေါက်ဆုံးသီချင်း ဖြစ်လာမှာပါပဲ။

ဂျက်စတင်ဘီဘာနဲ့ ဇေးမောလစ်ခ်ဟာ ပေါ့ပ်ဂီတလောကမှာ နာမည်အကြီးဆုံး အဆိုတော်တွေဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာဟာ One Direction အဆိုတော်ဟောင်း ဇေးမောလစ်ခ်ရဲ့ သီချင်းသစ်ကို သဘောကျသွားပြီးတဲ့နောက် သီချင်းအတူထုတ်ဖို့ ဆန္ဒရှိလာတယ်လို့ ဆိုပါတယ်။

play

 

ဂျက်စတင်ဘီဘာဟာ ဇေးမောလစ်ခ်ရဲ့ သီချင်းသစ် Still Got Time ကို သဘောကျသွားတာဖြစ်ပြီး ဇေးနဲ့ အတူတွဲလုပ်လိုစိတ် ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ The Sun on Sunday မှာ ဖော်ပြထားပါတယ်။

"ဂျက်စတင်က ဇေးရဲ့ဦချင်းသစ်ကို အရမ်းသဘောကျသွားပြီး အလုပ်အတူလုပ်ဖို့ ဆွေးနွေးနေကြတယ်" လို့ အတွင်းလူတစ်ဦးက သတင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

"သူတို့တွေ အမြဲအဆက်အသွယ်ရှိနေပြီး ဆွေးနွေးနေကြတယ်။ ဂျက်စတင်က ဇေးရဲ့ သီချင်းကို တွစ်တာကနေ ပြန်ပြီး မျှဝေလိုက်သေးတယ်။ ဘယ်သူ့အတွက်မှ သူ အဲဒီလို လုပ်မပေးခဲ့ဖူးပါဘူး။ တကယ်သာ အဆင်ပြေခဲ့မယ်ဆိုရင် အရမ်းကို ကြီးကျယ်မှာပါပဲ" လို့ ထိုသတင်းပေးက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဂျက်စတင်ဘီဘာနဲ့ ဇေးမောလစ်ခ်တို့ရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

 

Source & Photos  Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ