Movie & Music: စီးရီးသစ်နဲ့ ပရိသတ်တွေရှေ့ ပြန်လာတော့မယ့် မဒီ

ပရိသတ်တွေနဲ့ ဝေးကွာနေတာ နှစ်(၂၀)လောက်ရှိပြီလို့ ဆိုပါတယ်။

ပရိသတ်တွေနဲ့ နှစ်(၂၀)ကျော်ကြာ ဝေးကွာနေတဲ့ အဆိုတော မဒီကတော့ စီးရီးသစ်နဲ့ ပရိသတ်ရဲ့ ရှေ့ကို ပြန်လည် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဂီတလောကမှာ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အဆိုတော် မဒီဟာ ပြည်ပကို ထွက်သွားပြီးနောက် ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ မဒီကတော့ "မဒီရဲ့ နေ့သစ်များ" လို့ နာမည်ပေးထားတဲ့ သူမရဲ့ သီချင်းခွေအသစ်အတွက် ပြင်ဆင်နေပါတယ်။

play

 

သူမလက်ရှိသုံးနေတဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေလည်း ယခုလိုပြောပြထားပါတယ်။"မဒီတို့ဝေးကွာသွားကြတာ နှစ်ပေါင်း ၂၀လောက် ရှိနေပါ ပြီ။အခုလိုပြန်လည်တွေ့ဆုံရတာမဒီ့အနေနဲ့အတိုင်းမသိ ဝမ်း သာရပါတယ်။ဒီနှစ်တွေထဲမှာ မဒီပြန်လာမယ့်အချိန် ကိုယုံယုံကြည်ကြည်နဲ့စောင့်ပေးကြတဲ့ပရိသတ်ကြီး ကို လည်းကျေးဇူးအများကြီးတင်ပါတယ်'' လို့ မဒီက ရေး သား ထားပါတယ်။

 

မဒီကတော့ "ရင်ခွင်ပျောက်သူ၊ ဆန္ဒတစ်စုံ၊ အိမ်ကချစ်သူ စတဲ့ တေးသီချင်းများစွာနဲ့ ပရိသတ်အားပေးမှု ရရှိနေတဲ့ အဆိုတော် တစ်ဦးဖြစ်ကာ အတွဲသီချင်းတွေများစွာလည်း သီဆိုထားသူ ဖြစ်ပါတယ်။ မကြာခင်တော့သူမကို တစ်ကိုယ်တော်စီးရီးသစ်နဲ့ ပြန်လည်မြင်တွေ့ရတော့မှာပါ။

Photo : မဒီ ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ