AD
AD
AD

ကေတီပယ်ရီဟာ သီချင်းဗီဒီယိုတွေကို ထူးဆန်းတဲ့တင်ဆက်မှုတွေ ပြုလုပ်တတ်သူဖြစ်ကြောင်း နာမည်ကြီးသူပါ။ ဒီတစ်ခါမှာလည်း Bon Appetit ဆိုတဲ့ သီချင်းထဲမှာ ကေတီပယ်ရီဟာ ဂျုံမှုန့်တွေနဲ့ အနယ်ခံ၊ ဓားနဲ့ အခုတ်ခံ၊ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ ဝင်ခဲ့ကာ မုန့်ဖုတ်အိုးထဲ အထည့်ခံ ခဲ့ရပါတယ်။

play

 

 Bon Appetit သီချင်းထဲမှာ ကေတီပယ်ရီဟာ သူမရဲ့ဘဝကို ဂျုံမှုန့်ညက်တစ်ချပ်လို စတင်ခဲ့ပါတယ်။ အဲဒီနောက် သူမကို စားဖိုမှူးတစ်သိုက်က ဂျုံနယ်သလို အားရာပါးရနယ်နေကြကာ အဲဒါကို ကေတီပယ်ရီက သဘောတကျ ရှိနေခဲ့ပုံပါပဲ။

play

 

အဲဒီနောက် သူမဟာ အသားငါး၊ အသီးအရွက်လှီးဖြတ်တဲ့ ဘုတ်ပြားပေါ်ရောက်သွားပြီး သူမအပေါ်ကို အသီးအရွက်မျိုးစုံ ပစ်တင်လိုက်ကြပါတယ်။ အဲဒီနောက် သူမကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ ပစ်ထည့်လိုက်ကြပါတယ်။

ဟင်းပွဲတစ်ပွဲလို ပြင်ဆင်တာခံနေရင်း သီချင်းဆိုပြသွားတဲ့ ကေတီပယ်ရီရဲ့ သီချင်းဗီဒီယိုသစ်ကို ကိုယ်တိုင်ကြည့်ရှုကြည့်တာ ပိုပြီး ကောင်းမယ်ထင်တဲ့အတွက် သီချင်းဗီဒီယိုကိုပါ တင်ဆက်ပေးလိုက်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD