Movie & Music: လမ်းကြောင်း ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ဦးမယ့် ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)

မကောင်းမှုလုပ်ရင် မကောင်းသလိုတော့ ခံရမှာပဲ ဆိုတဲ့ မက်ဆေ့ခ်ျပေးချင်တာပါတဲ့။

သဘာဝဆန်ပြီး လက်တွေ့ကျတဲ့ ဇာတ်ကားပုံစံမျိုးတွေကို ဖန်တီးလေ့ရှိတဲ့ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)ကတော့ မကြာခင်မှာ သရုပ်ဆောင် ထွန်းထွန်း၊ မင်းမော်ကွန်း၊ နေမျိုးအောင် တို့နဲ့ ရိုက်ကူးမယ့် လမ်းကြောင်း ရုပ်ရှင်ဇာတ်ကားကို ပုံဖော် ရိုက်ကူးသွားဦးမှာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားကို မေလ ၁၅ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး သွေးသားအရင်းက အရင်းပဲ မကောင်းမှုလုပ်ရင် မကောင်းသလိုတော့ ခံရမှာပဲ ဆိုတဲ့ မက်ဆေ့ခ်ျပေးချင်တယ်လို့ သူက Duwun Media ကို ဖြေဆိုထားပါတယ်။

play

 

လမ်းကြောင်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ ထူးခြားချက်အနေနဲ့ ဆိုင်ကယ်လ်စီးနေကြတဲ့ မြို့တိုင်းမှာဖြစ်နေတဲ့ ပြဿနာတွေထဲက ဆိုင်ကယ်စီးရင်း ဆွဲကြိုးလုတာ၊ပိုက်ဆံအိတ်လုတာ၊ ဓားထိုးလိုက်တာတွေကို အကြောင်းပြုပြီး ဖန်တီးထားတဲ့ ဇာတ်ကားဖြစ်တယ်လို့ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ကဆိုပါတယ်။ ပြစ်မှုဆိုရင် ရဲ နဲ့ပဲဆိုင်တယ် ပြည်သူနဲ့မဆိုင်ဘူးဆိုတဲ့ အကြောင်းအရာကို ကျွန်တော့် အမြင်မှာ မှားတဲ့အတွက် ပြည်သူ့ရဲတွေရော၊ ကျန်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆိုတာကလည်း တက်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပေးနေကြတယ်။

play

 

ကျွန်တော်တို့ပြည်သူတွေကလည်း သူတို့နဲ့ ပူးပေါင်းပြီးတော့ ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိပညာလေး ပေးချင်တဲ့အတွက် ထူးထူးခြားခြားဖြစ်အောင် ဖန်တီးရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဇာတ်ကားရဲ့ အကြောင်းအရာ လေးနဲ့ပတ်သက်လို့ မကောင်းမှုပြစ်ဒဏ်တစ်ခုကို လုပ်ထားတယ်ဆိုရင်သွေးသားအရင်း ဆိုလည်း ဒါကတော့ ငါ့ညီမို့လို့၊ ငါ့အဖေ မို့လို့၊ ငါ့ဦးလေး မို့လို့ဆိုပြီး လျစ်လျှူလို့မရဘူး ဆိုတဲ့ရသလေးတော့ ပါမယ်။

play

 

ပါဝင်ကြတဲ့ ဇာတ်ကောင်တွေအနေနဲ့ အစ်ကိုဆိုရင်တော့ မင်းမော်ကွန်း ညီဆိုရင်တော့ ထွန်းထွန်း ကို ထည့်ထားတယ်။ ကိုနေမျိုးအောင်ကကျတော့ သူခိုးပစ္စည်းဝယ်တဲ့ လူတစ်ယောက်အဖြစ်ပေါ့။ အဲ့ဒီဇာတ်ကောင်အတွက်လည်းတော်တော်လေ့လာခဲ့ရပါတယ် လို့ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ကဆိုပါတယ်။

play

 

ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) အနေနဲ့ လမ်းကြောင်းရုပ်ရှင်ဇာတ်ကားကြီးပြီးရင် ဇွန်လ ၁၀ ရက်နေ့ မှာ ပြစ်မဲ့ ဆိုတဲ့ ရုပ်ရှင်ကားကြီးဆက်ရိုက်ဖို့လဲ ရှိတယ်လို့သိရပါတယ်။မန္တလေးမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးကို အကြောင်းပြုပြီးရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ အင်အားများမယ်လို့ သိရပါတယ်။

Photo : ထွန်းထွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ