Movie & Music: ယခုနှစ်အတွင်း ရုံတင်ဖို့ ကြိုးစားနေတဲ့ ရွှေကြာ

, updated

၂၀၁၇ နှစ်ကုန်ပိုင်းလောက် ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကိုတော့ ယခုနှစ်အတွင်း ရုံတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်တဲ့။ ရုံရက်ပေးရင်တော့ ရုံတင်နိုင်မှာပါလို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။

play

 

ဘီရုံတွဲမှာ ပြဖြစ်မလားဆိုတာကတော့ သေချာ မသိသေးဘူးလို့ ပြောပါတယ်။ ရွှေကြာ ရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမပုညခင်ရဲ့ "အရှေ့တံခါးအဝင်" ဝတ္ထုကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး အလင်းရောင်၊ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်ထားပါတယ်။

play

 

ရွှေကြာဆိုတာဟာ အဓိကဇာတ်ကောင်ဖွေးဖွေးရဲ့ ဇာတ်လမ်းအတွင်းမှ အမည်ဖြစ်ပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းပြုရတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ဘဝကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာ ဝိုင်းအနေနဲ့ ယခုနှစ်အတွင်းမှာ ရွှေကြာအပါအဝင် နေဝင်အိပ်တန်းတက်၊ ရင်ဘဲထဲကဓား၊ 3G၊ ဇာတ်ကားများရုံတင်ဖို့ ရှိနေပါသေးတယ်။

Source : 7day Daily

Photo  : ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ