Movie & Music: အချစ်၊ အတ္တနဲ့ မာန တို့ကို ပုံဖော်ထားတဲ့ ချိုမြိန်သော လက်စားချေခြင်း

မေလ ၁၉ ရက်နေ့မှာ ရုံတင်တော့မှာပါ။

ဒီနေ့ (မေလ ၁၅ ရက်နေ့) မှ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပွဲကို သမ္မတရုံမှာ ပြသခဲ့ပါတယ်။ ပရိသတ်များ စိတ်ဝင်စားလျက်ရှိတဲ့ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၁၉) ရက်နေ့မှ စပြီး မြန်မာနိုင်ငံရှိ အဆင်ြ့မင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမယ်လို့ သိရပါတယ်။

play

 

ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ၀တ္ထုကို မိုးနီလွင်မှဇာတ်ညွှန်း ပြန်လည်ရေးဖွဲ့ထားပြီး ဒါရိုက်တာမီးပွားမှ ရိုက်ကူးဖန်တီးပုံဖော်ထားတဲ့ရုပ်ရှင်ဇာတ်ကား ကြီးတစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွင် အဓိက သရုပ်ဆောင်များဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ရွှေမှုံရတီ၊ ခင်ဝင့်ဝါ တို့မှ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟန်လင်းသန့်၊ မုဏ်း၊ ထွန်းထွန်းဝင်း၊ စိုးမိုးကြည်၊ ခင်မို့မို့အေး၊ ဦးဝင်းမြိုင်၊ဒေါ်လှလှမိုး၊ စွမ်းရည်၊ ကျော်ဇင်ထွဋ်၊ ဒေါင်းဝေ၊ ဆုထက်ကုဋေ၊ လမင်းကဗျာနှင့် အခြားသရုပ်ဆောင်များစွာတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။

play

အချစ် အတ္တ မာန တို့ကို ပုံဖော်ထားတဲ့ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးတွင် ကိုယ့်ရှေ့ရေးအတွက်သာစဉ်းစားပြီး ရောက်ရှိလာတဲ့ အချစ်ကို စွန့်ပစ်ခဲ့ပြီးမှ ပြန်လည်ပိုင်ဆိုင်လိုတဲ့ စိတ်နဲ့ အချစ်ကို ဘ၀ တစ်ခုလို သတ်မှတ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်း၊ ချစ်ရသူအပေါ် လိုအပ်တာထက်ပိုပြီး နားလည်ပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နောက်ကွယ်က ခံစားချက်ကို မြိုသိပ်ထားနိုင်တဲ့ မိန်းကလေးအကြောင်း၊ချစ်သူမိန်းကလေးတစ်ဦးထက် သူငယ်ချင်းမိန်းကလေးတစ်ယောက် အပေါ်ထားရှိတဲ့သံယောဇဉ်ကြောင့် အချစ်ရေးမှာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ ဇာတ်ညွှန်း မိုးနီလွင်က ဆိုပါတယ်။

play

 

ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသခြင်းကို မေလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ စာနယ်ဇင်းမီဒီယာမှ တာဝန်ရှိသူများနဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ခင်ဝင့်ဝါ၊ ရွှေမှုံရတီ တို့လည်း တက်ရောက်ခဲ့ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ