Movie & Music: မန္တလေးက ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ နေဝင်အိပ်တန်းတက်အဖွဲ့သားများ

ပရိသတ်တွေကလည်း ကြိတ်ကြိတ်တိုးအားပေးခဲ့ကြပါတယ်။

ဇွန်လ(၂)ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တဲ့ နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်ရဲ့ အားပေးမှုကို တခဲနက် ရရှိထားတာ တွေ့ရပါတယ်။

play

 

ရန်ကုန်မှာ ဇွန်(၂)ရက်နေ့က ရုံတင်ခဲ့ပြီး ရုံတင်တဲ့နေ့မှာပဲ သရုပ်ဆောင်ပိုင်ဖြိုးသုက ပရိသတ်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ဒီနေ့(ဇွန်၎ရက်)မှာလည်း နေဝင်အိပ်တန်းတက် အဖွဲ့သားတွေ မန္တလေးက ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

play

 

မန္တလေးက ပရိသတ်တွေရဲ့ အားပေးမှုကလည်း ကြိတ်ကြိတ်တိုးပါပဲ။ ဒါရိုက်တာ ဝိုင်း၊ ပြေတီဦးနဲ့ ပိုင်ဖြိုးသုတို့က ပရိသတ်များနဲ့ တွေ့ဆုံကာ အမှတ်တရ လက်မှတ်ရေးထိုးပြီး တရင်းတနှီးတွေ့ဆုံခဲ့ကြပါတယ်။

ပိုင်ဖြိုးသုဟာ နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒေါက်တာမြတ်ထွန်း (ပြေတီဦး) ကို လက်စားချေဖို့ ချဉ်းကပ်ရတဲ့ မေကြာဖြူဆိုတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ရတာပါ။

play

 

ဇွန်လ ၂ရက်နေ့မှာ စတင်ရုံတင်နေပြီဖြစ်တဲ့ နေ၀င်အိပ်တန်းတင်ရုပ်ရှင်ဇာတ်ကားဟာ ဘ၀ပေးသရုပ်ဖော် ပညာပေးဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်ညွှန်းကို အလင်္ကာရည်ကျော်က ရေးစပ်ထားကာ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးဖန်တီးထားပြီး အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။

play

ရဲမွန်၊ ဇင်မျိုး၊ စူးရှ၊ ၀င်းမင်းသန်း၊Grace၊ ချမ်း၊ စန်းစန်းဝင်းနဲ့ အခြားသရုပ်ဆောင်များစွာတို့ကလည်း ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြပါတယ်။

Photo : ပြေတီဦး၊ ပိုင်ဖြိုးသု ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ