Movie & Music: ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဇာတ်လမ်းတိုရိုက်ကူးနေတဲ့ ဒါရိုက်တာ ဂျိုး

နာမည်ကျော် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Media 7 က ထုတ်လုပ်စီစဉ်ပြီး ဒါရိုက်တာ ဂျိုး ရိုက်ကူးတဲ့ SAFETY FIRST ပညာပေးရေးဇာတ်လမ်းတိုမှာ သရုပ်ဆောင် ကျော်ကျော်ဗို၊ ရဲလေး၊ ရဲရင့်အောင်၊ ယုန်လေး၊ ဂျိုကာ၊ ဇော်ဇော်အောင်၊ နီနီခင်ဇော် တို့ကပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

play

 

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကျိုးပြု ဇာတ်လမ်းတို တစ်ခု ဖြစ်တယ်လို့လည်း ဒါရိုက်တာ ဂျိုးက ဆိုပါတယ်။

''အရင်တုန်းကတော့ သူတို့ရဲ့ Remind လုပ်တဲ့ အနေနဲ့ ရိုက်ထားတာမျိုးရှိတယ်၊ ဒီဇာတ်လမ်းတွဲကတော့ အခုခေတ်မှာ ဖြစ်ပျက်နေတဲ့ ကား နဲ့ ပတ်သက်တဲ့ မတော်တဆ ဖြစ်တာတွေ၊ လမ်းပေါ်မှာလည်း ကားလမ်းပေါ်တွေမှာ မကြောက်မရွံ ဖုန်းသုံးပြီးတော့ ကားလမ်း ဖြတ်ကူးတာမျိုးတွေမလုပ်သင့်ဘူး။

play

 

ကားကြီးတွေကလည်း ဟိုင်းဝေးသွားတဲ့ အခါ တစ်ဖက်ကားရှိနေလို့ မီးသီးမချပေးရင် အန္တရာယ်ဖြစ်တတ်တယ်ဆိုတဲ့ အကြောင်းရယ်၊ ဆန္ဒတွေစောပြီးတော့ ကားတွေ ကျော်တက်ကြတဲ့အခါ ဖြစ်လာမယ့်အန္တရာယ်တွေ၊ လိုအပ်တဲ့ မိုင်နှုန်းထက် ပိုမောင်းရင် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေရော၊ ဆိုင်ကယ်သမားတွေဆိုရင်လည်း ဆိုင်ကယ်ဦး ထုတ်မပါရင် အသက်အန္တရာယ် စိုးရိမ်ရနိုင်တဲ့ အခြေအနေလေးတွေကို တင်ပြထားတဲ့ ဇာတ်လမ်း တိုဖြစ်ပါတယ်” လို့ ဒါရိုက်တာဂျိုးက Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

play

 

ဇာတ်လမ်းတို ကိုတော့ အမြန်ဆုံးလွှင့်နိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဇာတ်လမ်းတို ၃ ကားလက်ခံ ရိုက်ကူးဖို့ရှိပြီး ဇွန်လ ၇ရက်နေ့မှာလည်း အဆိုတော်သရုပ်ဆောင်လွှမ်းပိုင် နဲ့အတူ ပညာပေးဇာတ်လမ်းတို တစ်ကားရိုက်မယ်၊ Credit ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း အဆိုတော် G-fatt နဲ့ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဒါရိုက်တာဂျိုးရိုက်ကူးထားတဲ့ Original Gangster 2 ကိုလဲ ဇူလိုင်လတွင် ပြသသွားမယ်လို့ သိရပါတယ်။

Photo : ဒါရိုက်တာ ဂျိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ