Movie & Music: နာမည်ကြီး မိန်းကလေး အဆိုတော် လေးဦး ပါဝင်မယ့် ဖျော်ဖြေပွဲ

, updated

Romantic Opera Four Ladies Show ပွဲ ဖြစ်ပါတယ်။

နာမည်ကြီး မိန်းကလေး အဆိုတော် လေးဦးပါဝင်မယ့် Romantic Opera Four Ladies Show ပွဲကတော့ မကြာခင် ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ Romantic Opera လို့နာမည်ပေးထားတဲ့ Four Ladies show music concert ပွဲကြီးမှာတော့ မိန်းကလေးအဆိုရှင်များဖြစ်ကြတဲ့ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဝိုင်းလေး၊ ဆိုဖီယာတို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။

Romantic Opera Four Ladies Show Music Concert ကြီးကိုတော့ Diro by Heart Wedding Studio ရဲ့ လေးနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြုလုပ်တဲ့ ပွဲလည်း ဖြစ်တယ်လို့ သိရပါတယ်။

play

 

ယင်းပွဲနဲ့ ပတ်သက်ပြီး အဆိုတော် ဝိုင်းလေးက ယခုလို ဖြေဆိုဖူးတားပါတယ်။

"ညီမရယ်၊ မဖြူရယ်၊ မနီနီ ခင်ဇော်ရယ်၊ ဆိုဖီယာရယ် လေး ဦးပါဝင်သီဆိုဖျော်ဖြေပါမယ်။ ပွဲမှာဝတ်မယ့် ဝတ်စုံတွေကလည်း Dior က ဝတ်စုံတွေပဲ ဝတ်မှာပါ။ မြန်မာပုံစံတွေ၊ အနောက်တိုင်း ပုံစံတွေအပြင် Opera ပုံစံဆိုတဲ့ သူတွေကတော့ Opera စတိုင် ဝတ်ကြမယ်။ မိတ်ကပ်အပြင်အ ဆင်ကအစ ပြောင်းလဲထားတယ်။

 

ညီမကတော့ Opera ပုံစံမဆိုဖြစ် ဘူး။ Classical သီချင်းလေးတွေ ပိုဆိုဖြစ်မယ်။ တစ်ယောက်ကို ငါး ပုဒ်စီလောက်ဖျော်ဖြေဖြစ်မယ်။ ညီမတို့ဆိုတဲ့အချိန်မှာ ရှိုးလျှောက် တာတို့၊ အကတွေနဲ့တွဲဖျော်ဖြေ တာတို့လုပ်ဖို့ ရှိတယ်။ ညီမတို့ အင်္ဂလိပ်သီချင်းတွေလည်းပါ တယ်။ အဓိက Wedding နဲ့ပတ် သက်တဲ့ သီချင်းတွေ၊ အဝတ်အ စားတွေ အများကြီးပြင်ဆင်ပြီး ဆိုရမှာဆိုတော့ အရမ်းရင်ခုန်ပါ တယ်"လို့ 7day Daily မှာ ဖြေဆိုဖူးပါတယ်။

play

 

Romantic Opera Four Ladies Show Music Concert ကြီးကိုတော့ စက်တင်ဘာ(၂၃)ရက်နေ့ Rose Garden Hotel မှာ ကျင်းပမယ်လို့ သိရပါတယ်။

Postby

 l

Photo : Romantic Opera ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ