AD
AD
AD

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အကြို ရန်ပုံငွေ ဖျော်ဖြေပွဲကြီးကို နိုဝင်ဘာ (၁၈)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်။ ပန်းကံ့ကော် ဒိုင်ယာရီဂီတညလို့ နာမည်ပေးထားတဲ့ ယင်းဖျော်ဖြေပွဲကို ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပန်းကံ့ကော် ဒိုင်ယာရီ ဂီတညဖျော်ဖြေပွဲကို Shwo Director အဖြစ် ဒါရိုက်တာ သီတာလင်း ( Laurel Art Academy)က တာဝန်ယူ ပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

ရန်ပုံငွေ ဖျော်ဖြေပွဲမှာတော့ တက္ကသိုလ်ကျောင်းနဲ့ ပတ်သက်တဲ့ တေးသီချင်းများနဲ့ ဖျော်ဖြေသွားမှာ ဖြစ်တာကြောင့် ပရိသတ်များနဲ့ တက္ကသိုလ်ဘဝကို ပြန်ပြီးလွမ်းဆွတ်တမ်းတခွင့်ရမယ့် ဖျော်ဖြေပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ ကိုင်ဇာ ၊ ဇော်ပိုင် ၊ အောင်နိုင် ၊ ဖြိုးပြည့်စုံ ၊ အောင်ထက် ၊ စောလားထော်ဝါး ၊ ပိုင်မင်းဟိန်း ၊ ချိုပြုံး ၊ မေဆွိ ၊ မေခလာ ၊ ဟေမာနေ၀င်း ၊ မီမီဝင်းဖေ ၊ နီနီခင်ဇော် ၊ ချမ်းချမ်းတို့ကနေ ပါဝင်ဖျော်ဖြေသွားမှာလည်း ဖြစ်ပါတယ်။

Postby

 

Source & Photo : mizzima burmese

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD