Movie & Music: ဒီနှစ်မှာ ရုပ်ရှင်ရုံ(၂၅) ရုံခန့် ဆောက်လုပ် ပြီးစီးမယ်လို့ ပြောလာတဲ့ လွင်မိုး

တစ်ရုံကို ကျပ်သိန်းနှစ်ထောင်ကျသင့်မှာ ဖြစ်ပါတယ်။

Clover Solution Myanmar  နဲ့ MAZE Co., Ltd တို့ ပူးပေါင်း တည်ဆောက်နေတဲ့ ရုပ်ရှင်ရုံ(၁၀၀) စီမံကိန်းကတော့ အကောင် အထည်ဖော်လို့ နေပါပြီ။ ယခုနှစ်ထဲမှာတော့ ရုပ်ရှင်ရုံ (၂၅)ရုံခန့် ပြီးစီးမယ်လို့လည်း သိရပါတယ်။ စီမံကိန်းအတွက် လိုအပ်တဲ့ ငွေကြေးကို ကမ္ဘောဇကုမ္ပဏီက ပံ့ပိုးကူညီပြီး အနုပညာရှင်အချို့ကလည်း ရှယ်ယာပါဝင်ထားတယ်လို့ သိရပါတယ်။

"‘ရုပ်ရှင်ရုံတွေက ဆောက် လုပ်နေဆဲ အနေအထားပါ။ အ ကုန်တော့ မပြီးနိုင်သေးပါဘူး။ ပြီး စီးမှုအနေအထားကို ပြောရမယ် ဆိုရင် ဒီနှစ်ထဲမှာတော့ ရုပ်ရှင်ရုံ က ၂၀၊ ၂၅ လောက်ပဲ ပြီးတော့မှာ ပါ။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ၂၅ ရာခိုင်နှုန်းပြီးစီးပြီပေါ့" လို့ MAZE Co., Ltd. ဥက္ကဋ္ဌ ဦးလွင်မိုး ကဆိုပါတယ်။

play
မှော်ဘီမြို့မှာ ဖွင့်လှစ်ခဲ့သော ရုပ်ရှင်ရုံ

 

ရုပ်ရှင်ရုံ(၁၀၀စီမံကိန်းကို ရုပ်ရှင်ရုံ မရှိသေးတဲ့ မြို့နယ်များနဲ့ မြို့များမှာ ဦးစားပေးတည်ဆောက်သွားမှာ ဖြစ်ပြီး အောင်ပန်းနဲ့ တိုက်ကြီးမြို့တို့မှာ ပထမဆုံး ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်မယ့် ရုပ်ရှင်ရုံသို့ လူဝင်၊မဝင်ကို ရုပ်ရှင်ကားပေါ်မူတည်ပြီး အရည်အသွေးကောင်းတဲ့ ရုပ်ရှင်ဖြစ်ရေး ထုတ်လုပ်သူများအပေါ်သာ မူတည်တယ်လို့ Clover Solutions မန်နေဂျင်းဒါရိုက်တာ ဦးဇင်အောင်စိုးက ပြောပါတယ်။

play

 

ရုပ်ရှင်လက်မှတ်ရောင်းရာက ရရှိတဲ့ ငွေကိုလည်း ထုတ်လုပ်သူနဲ့ ရုံပိုင်ရှင်ညှိနှိုင်းကာ ခွဲယူမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံတစ်ရုံအတွက် အသုံးပြုငွေကတော့ ကျပန်သိန်းနှစ်ထောင်ဖြစ်ပြီး ရုပ်ရှင်ရုံ(၁၀၀)အတွက် ခန့်မှန်းတန်ဖိုး ဒေါ်လာလေးသန်းခန့် ကုန်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတစ်ရုံမှာ ထိုင်ခုံ ၃၁၆ ခုံပါဝင်မှာ လည်း ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ