AD
AD
AD

အိမ့်ချစ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ အိမ့်ချစ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာ(၃)ရက်နေ့ညက ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ပထမဆုံး ဖျော်ဖြေပွဲကြီးကိုတော့ ပရိသတ်တွေများစွာ လာရောက်အားပေးခဲ့ကြသလို သူမရဲ့ ဖျော်ဖြေတင်ဆက်မှုများက ပရိသတ်တွေနဲ့ ထပ်တူကျခဲ့ပါတယ်။

play

 

သူမရဲ့ အနုပညာစွမ်းရည်တွေကတော့ သူမရဲ့ အသက်အရွယ်နဲ့ မလိုက်အောင်ပဲ ဝါရင့်လွန်းလှပါတယ်။ များပြားလှတဲ့ ပရိသတ်တွေကို ထိန်းသိမ်းနိုင်ခဲ့တဲ့ အစွမ်းကတော့ အနုပညာမောင်နှမအားလုံးက မချီးမွန်းပဲ မနေနိုင်ကြပါဘူး။

ဖျော်ဖြေပွဲအစမှာတော့ အိမ့်ချစ်ဟုခေါ်သည် ဆိုတဲ့ သီချင်းနဲ့စတင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဆက်လက်ပြီးတော့ သူမအောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့အတူ သူမကို ပရိသတ်တွေ စသိစေခဲ့တဲ့ သီချင်းဖြစ်တဲ့ " ရေစီးကြောင်း သံယောဇဉ်"  ဆိုတဲ့ သီချင်းကို သူမရဲ့ မောင်လေးနဲ့အတူ ဖျော်ဖြေခဲ့ပါသေးတယ်။

ဖျော်ဖြေပွဲမှာ ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့ အတူတူ ဖျော်ဖြေဖို့ ပြင်ဆင်ထားပေမယ့်လည်း ဦးချစ်ကောင်းက ချော်လဲပြီး ခြေထောက်ကျိုးသွားတာကြောင့် သူမရဲ့ ဖျော်ဖြေပွဲကို မရောက်လာနိုင်ခဲ့ပါဘူး။

play

 

ဒါပေမယ့်လည်း သမီးဖြစ်သူ ရဲ့ အောင်မြင်မှုကို TV ဖန်သားပြင်ပေါ်ကနေ ကြည့်ပြီး ဦးချစ်ကောင်းတစ်ယောက် ကျေနပ်နေလိမ့်မယ်လို့ ထင်ပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈"  ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD