အနုပညာအလုပ်တွေကို အင်တိုက်အားတိုက် ပြန်လည်လုပ်ကိုင်လာတဲ့ ရဲလေးကိုတော့ မကြာခင် တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပြန်လည်တွေ့ရှိရဦးမှာ ဖြစ်ပါတယ်။

ရဲလေးဟာ ဒီဇင်ဘာလထဲမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကိုလည်း နိုဝင်ဘာလထဲမှာ ပြောပြသွားမှာပါတဲ့။

play

 

တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၂)ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဖျော်ဖြေရေးအစီအစဉ်တွေကတော့ အချိန်သုံးနာရီကျော်လောက် ကြာမယ်လို့ သိရပါတယ်။

‘‘ကြားထဲမှာ ကျွန်တော် အ ဆက်အသွယ်ပြတ်သွားတဲ့အပိုင်း တွေ၊ ပြန်လည်ကြိုးစားရမယ့်အ ပိုင်းတွေကို တွက်လိုက်ရင်တော့ ငါးနှစ်လောက် ကြာသွားတယ်။ နောက်ပိုင်းကတော့ သိပ်ပြီးမကျဲ တော့ပါဘူး။ နှစ်စဉ်နှစ်တိုင်း လုပ် သွားဖို့ အစီအစဉ်ရှိပါတယ်’’လို့ သူက ပြောပါတယ်။

play

တစ်ကိုယ်တော်ပွဲကို ရဲလေးနဲ့ ဂျိုကာတို့ နှစ်ဦးတည်ထောင်ထားတဲ့  YLJK Entertainment က  စီစဉ်မှာ ဖြစ်ပြီး ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း  YLJKဖေ့စ်ဘွတ်ပေ့ခ်ျအပါအဝင် သူတို့ ညီအစ်ကို နှစ်ဦးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာအသီးသီးမှာ ကြော်ငြာ မယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် ဒီတစ်ခါ ပြုလုပ်မယ့် ဖျော်ဖြေပွဲကတော့ သူ့ရဲ့ ဂီတသက်တမ်း(၁၅)နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်တာကြောင့် ပရိသတ်များ ရင်ခုန်ရမယ့် ဖျော်ဖြေပွဲအစီအစဉ်များလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Postby

 

Source : 7day Daily

Photo  : ရဲလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video