AD
AD
AD

ဝိုင်းစုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပမယ့် ရက်ကတော့ နီးကပ်လို့ လာပါပြီ။ ဒီဇင်ဘာ(၂၄)ရက်နေ့ သူမရဲ့မွေးနေ့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်ဖို့ စီစဉ်ထားတဲ့ ဝိုင်းစုကတော့ အခုဆိုရင် သီချင်းတွေစတင်တိုက်နေပြီလို့ သိရပါတယ်။

သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကတော့ ပရိသတ်များရဲ့ တောင်းဆိုမှုအရ ရန်ကုန်အပြင် မန္တလေးမှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"One lady show အတွက်

Dream lover band နဲ့ သီချင်းတိုက်

ဝိုင်းစုရဲ့ one lady showကို

ပထမတော့ ရန်ကုန် တစ်ပွဲပဲ

လုပ်ဖို့ စဉ်းစားထားတာပါ

ဒါပေမဲ့ ချစ်ဆုံး ပရိသတ်များက

မန္တလေးမှာလည်း လုပ်စေချင်တဲ့အတွက်

ရန်ကုန်ရော မန္တလေးမှာပါ လုပ်ဖြစ်ပါမယ်လို့     

ရန်ကုန်က 24.12.2017

မန္တလေးက 16.1.2018 ပါ✌️✌️✌️

ချစ်ပရိတ်သတ်တွေ အားလုံးနဲ့

ဆုံချင်ပါတယ်လို့ အဆင်ပြေရင် လာအားပေးကြပါဦးနော်" ဆိုပြီး ပြောထားပါသေးတယ်။

play

 

ပြီးတဲ့ခဲ့ နှစ်ကုန်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ "ဂါ" တေးစီးရီး DVD ကိုလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်မီမှာ ဖြန့်ချိသွားမယ် လို့လည်း သိရပါတယ်။ အခွေအတွက်လည်း ပြင်ဆင်နေသလို တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်သလို အလုပ်တွေလည်း ရှုပ်နေပါတယ်။

ရန်ကုန်နဲ့ မန္တလေးတို့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ သူမကတော့ ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် မွေးနေ့မှာတော့ ကျင်းပမယ့် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ယခုလို ပြောပြထားပါတယ်။

play

 

"တစ်ကိုယ်တော် ဖျော်ဖြေပွဲ က ဒီဇင်ဘာ ၂၄ ဝိုင်းစုမွေးနေ့မှာ လုပ်ဖို့တော့ Confirm ဖြစ်တယ်။ ပရိသတ်တွေကို မေးကြည့်တော့ လည်း မွေးနေ့မှာ ပိုပြီးလုပ်စေချင် တယ်။ လက်ဆောင်တွေလည်း ပေးချင်တယ်။ မွေးနေ့မှာ လာချင် တယ်ဆိုလို့ အဲဒီနေ့လုပ်ဖို့ စဉ်းစား ထားတယ်။ ရှေ့ ၂ နှစ်တုန်းက လည်း အဲဒီနေ့ကို လုပ်ချင်တာ။ ပွဲတွေတိုက်နေမှာစိုးတာနဲ့ ကြောက်ပြီး မလုပ်ဖြစ်တာ’လို့ 7day Daily မှာ ဖြေဆိုဖူးထားပါတယ်။

Postby

 

Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD