AD
AD
AD

တစ်လကို ငါးရက်လောက် သီးသန့် ဖယ်ထားတတ်တဲ့ အေးဝတ်ရည်သောင်းတစ်ယောက် သူမရဲ့ အားလပ်ရက်တွေမှာ ဘယ်လိုတွေ ကုန်ဆုံးဖြစ်လဲဆိုတာ ပြောပြခဲ့ပါတယ်။

အေးဝတ်ရည်သောင်းဟာ ကားမောင်းရတာ ဝါသနာပါတာကြောင့် အားလပ်ချိန်များမှာ ခရီးတိုလေးတွေ မကြာခဏထွက်ဖြစ်တယ်တဲ့။

play

 

"ကော်ဖီသွားသောက်တယ်။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်း တယ်။ ရုပ်ရှင်သွားကြည့်တယ်။ အစ်မအလုပ်နဲ့ပတ်သက်တဲ့ အ ဝတ်အထည်လေးတွေ ကြည့်တာ ဝါသနာပါတယ်။ အဲဒါကတော့ အစ်မ အားလပ်ချိန်မှာ လုပ်ဖြစ်နေ တဲ့ အရာလေးတွေပေါ့။ ဘယ်အ ထည်လေးနဲ့ ဘယ်အထည်လေး တွဲစပ်ရင် လှမလဲပေါ့။ နောက်စာ အုပ်လေးတွေဖတ်ဖြစ်တယ်။ တကယ်ကို ကိုယ့်အတွက် အကျိုး ရှိပြီး ကိုယ့်အလုပ်အတွက် အ ထောက်အကူရမယ့် စာအုပ်မျိုး တွေလည်း ဖတ်ဖြစ်တယ်။ အလုပ် ချည်းပဲ လုပ်နေလို့မရဘူးလေ။ လူ တစ်ယောက်က အနားလည်းယူ သင့်တယ်။ နားပြီးတဲ့အချိန်မှာ အားအင်တွေလည်း ပြည့်သွားပြီး ဘာလုပ်ရမလဲဆိုတာကို သေချာ သိသွားတယ်။ အစ်မကတော့ နား လိုက်ရတာကို ပိုပြီးအားရှိတယ်လို့ ထင်ပါတယ်’ ဆိုပြီးတော့ 7day Daily မှာ ဖြေဆိုပေးထားပါတယ်။

play

 

သူမအနေနဲ့ အရင်က အားတဲ့အချိန်တွေကို နားရက်အဖြစ် သတ်မှတ်ပေမယ့် နောက်ပိုင်းတွေမှာ သီးသန့်ဖယ်ထားကာ နားဖြစ်တဲ့အပြင် ဘာသာရေးပိုင်းပါ တွဲဖက်လုပ်ဖြစ်သလို ညတိုင်း ဘုရားတရားလုပ်ဖြစ်တယ်လို့ သိရပါတယ်။

အေးဝတ်ရည်သောင်းကတော့ လက်ရှိမှာ မုန်းစွဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလျက် ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာတော့ သူမက ကာရိုက်တာနှစ်ခုနဲ့ ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။

play

 

ရှေးခေတ်ပုံစံအတိုင်း ရိုက်ကူးရေးလုပ်ရမှာဖြစ်တဲ့အတွက် နှစ်ဘဝ လုံးနဲ့ သက်ဆိုင်တဲ့ ပြင်ဆင်နေမှု အကြောင်းအရာတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ကာရိုက်တာအရလည်း ပြင်ဆင်တယ်၊ စိတ်အရလည်း ပြင်ဆင်တယ် နောက်တစ်ခုက ကျတော့ အပြင်ပိုင်း အဝတ်အစားပိုင်းနဲ့ ပတ်သက်လို့ အဲ့ဒီခေတ် က အဝတ်အစားရယ်၊ ဆံပင်ပုံစံ၊ မိတ်ကပ်ပေါ့။ ပထမ ဘဝကိုတော့ မိတ်ကပ်လုံးဝမလိမ်းဘူး တကယ်ကို ဘာမှမလိမ်းပဲနဲ့ ရိုက်မှာပေါ့။ ဒုတိယဘဝကျတော့ ၁၉၉၁ ဖြစ်သွားပြီဆိုတော့ အဲ့ဒီခေတ်နဲ့ လျှော်ညီတဲ့ အဝတ်အစားတို့၊ ထမီ တိုတို ဒူးခေါင်းအောက်လောက်ဝတ်တာတို့ ၊ ဆံပင်အပိုင်းတွေလည်း ပြင်ဆင်ထားပါတယ်'' လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

play

 

အဲ့ဒီဇာတ်ကားမှာတော့ အေးဝတ်ရည်သောင်းဟာ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားဖြစ်ပါတယ်။

Postby

 

Photo : အေးဝတ်ရည်သောင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD