AD
AD
AD

လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးထားတဲ့ ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင် ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ကတော့ ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် Duwun Media ပရိသတ် တွေ အတွက် ဇာတ်လမ်းအမြည်းလေး တင်ဆက်ပေးလိုက်ပါတယ်။

play

 

ရပ်ကွက်တစ်ခုမှာ ဖေ့စ်ဘုတ်ကို အရူးအမူးသုံးစွဲတတ်ကြတဲ့ ဇာနည်နဲ့ ဂွမ်းအိတို့ တူဝရီးနှစ်ယောက်ရှိပြီး တစ်ဖက်မှာလည်း သဲနုထွေး နဲ့ စည်သူတို့ မောင်နှမ နှစ်ယောက်ကလည်း ဖေ့စ်ဘုတ်ကို မသုံးရမနေနိုင်သူများဖြစ်ပါတယ်။တစ်ဖက်နဲ့တစ်ဖက်က ဖေ့စ်ဘုတ် ပေါ် မှာ သာမက အပြင်မှာလည်း အပြိုင်အဆိုင်များရှိပြီး တကျက်ကျက်နဲ့ တွေ့တဲ့နေရာတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် စောင်းမြောင်း ပြောဆိုလေ့ရှိတာပေါ့။ ဂွမ်းအိက စည်သူ့ကို တစ်ဖက်သတ်ကြိုက်နေတာကို သဲနုထွေးက သဘောမတူနိုင်ဖြစ်ပြီး ဇာနည် ကလည်း သဲနုထွေးကို အသေရရ အရှင်ရရ ချစ်နေတာကြောင့် စည်သူကလည်း သဘောမတူဖြစ်ရင်းက တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုတွေက တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့ လာပါတယ်။ ဖေ့စ်ဘုတ်မှာလည်း သဲနုထွေးက Facebook Queen ဆိုတဲ့အကောင့်ဖွင့်ထားတာကို ဂွမ်းအိကလည်း Facebook Queen ဆိုပြီးတော့ အပြိုင်ထပ်ဖွင့်ရင်း သူ့အကောင့်က အတု ငါ့အကောင့် က အစစ်ဆိုပြီး ပြဿနာတွေ ထပ်တက်ကြတော့တာပေါ့။ ပြီးတော့ ဖေ့စ်ဘုတ်ပေါ်မှာ ဘယ်သူက Like များသလဲ ဆိုတာကိုလည်း ပြိုင်စရာမရှိ ကြံဖန်ပြိုင်နေတတ်ကြပြီး တစ်နေ့တစ်မျိုးမရိုးရအောင် ပုံစံအမျိုးမျိုးရိုက်ပြီး တင်လေ့ရှိကြပါတယ်။

play

 

သူတို့လိုပဲ ရပ်ကွက်ထဲမှာ တောင်းစားနေတဲ့ သူတောင်းစားကလည်း ဘယ်ရပ်ကွက်မှာ  အလှူရှိသလဲဆိုတာ ဖေ့စ်ဘုတ်က တဆင့် ရှာပြီး တွေ့သမျှ Post တိုင်းကိုလည်း Share လေ့ရှိပါတယ်။ ရပ်ကွက်ထဲက လူတချို့ကလည်း တစ်ခုခုဆို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင် ဖွဖို့ချောင်းနေကြသူများလည်း ရှိပါတယ်။ တစ်နေ့ သဲနု တို့အိမ်ကို အစ်ကိုဝမ်းကွဲတော်သူ သာထူး ရောက်ရှိလာပြီး သဲနုတို့ မောင်နှမ နှစ်ယောက်ကို ဖေ့စ်ဘုတ်သုံးနည်း သင်ပေးရန်တောင်းဆိုလာပြီး သဲနုကလည်း ဖေ့စ်ဘုတ်ကို ဘယ်လိုသုံးရင် Like ဘယ်လိုရတယ်၊ Comment ဘယ်လိုပေးရတယ်ဆိုတာကို သင်ပေးခဲ့ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ပုံတင်တာက အစ ခပ်တုံးတုံး ဒီဇိုင်းပုံမတင်ပဲ မထော်မနန်းပုံတွေတင်မှ Like နဲ့ Comment တွေရတယ်ဆိုလို့ သာထူးတစ်ယောက် သူကြိုက်တဲ့ အဆိုတော်များရဲ့ ဒီဇိုင်းမျိုးဝတ်ဆင်ပြီး ဖေ့စ်ဘုတ်ပေါ်တင်လိုက်တော့ Like တွေ အများကြီးရတဲ့အကြောင်း စည်သူနဲ့ သဲနုထွေးကိုပြောလိုက်ရာ အံ့သြ ခဲ့ကြပါတယ်။

play

 

နောက်ထပ်လည်း ရပ်ကွက်ထဲမှာ ဂွမ်းအိကို အသေရရ အရှင်ရရ ပိုးပန်းနေသော ဖိုးလှသည် တစ်နေ့ တစ်နေ့ ဂွမ်းအိ ဆီကို ရောက်လာပြီး ချစ်ကြောင်းကြိုက်ကြောင်းပြောဆိုလေ့ရှိသော်လည်း ဂွမ်းအိမှာ စည်သူကလွဲလို့ ဘယ်ယောက်ျားလေးကိုမှ စိတ်ဝင်စားမှုမရှိပေ။ အဲ့ဒါကို စိတ်ဆိုးပြီး ဖိုးလှတစ်ယောက် သိန်း ၃၀ တန် စီလီကွန်အရုပ်မ ဝယ်လိုက်ပြီး ဂွမ်းအိကို စိတ်နာကြောင်း၊ မချစ်တော့ကြောင်းပြောပါတော့တယ်။ သိပ်မကြာလိုက်ပါဘူး ဖိုးလှတစ်ယောက် စီလီကွန်အရုပ်မနဲ့ ဘာမှအလုပ်မဖြစ်တာကြောင့် ဂွမ်းအိဆီကိုပြန်ရောက်လာပြီး ပြောခဲ့သမျှကို ဗွေမယူရန်တောင်းပန်စကားဆိုခဲ့ပါတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ..... တစ်နေ့တစ်နေ့ ဖေ့စ်ဘုတ်ပေါ်မှာရော၊ ရပ်ကွက်ထဲမှာပါ အပြိုင်အဆိုင်တွေထားတတ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ကို ဘယ်လို ဆေးထိုးရမလဲဆိုတာကို ချောင်းနေကြတဲ့ ရပ်ကွက်ထဲကလူတွေအကြောင်းကို ရီစရာမောစရာဟာသ ပုံစံလေးတင်ဆက် ထားတဲ့ ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင် ဇာတ်ကားကို သွားရောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

play

 

ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၇ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာပြည်ဟိန်းသီဟ က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီ လူမင်း၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ ခင်လှိုင်၊ ဒိန်းဒေါင် တို့က အဓိကပါဝင် သရုပ်ဆောင် ထားကြပါတယ်။

Photo: Lucky Seven Production

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD