လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးမယ့် စိတ်ကြီးဝင်နေသော မိန်းမ ဇာတ်ကားကို ဗီဒီယို ဇာတ်ကားအဖြစ်ရိုက်ကူးထားရာကဖြန့်ချီရေးမလုပ်တော့ပဲ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ ရာဇဝင်ကိုက သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

"စိတ်ကြီးဝင်နေတဲ့မိန်းမ" မထွက်သေးဘူးလား မေးကြသူများသို့..... ဒီဇာတ်ကားကို ကျနော်တို့အရင်က ဗီဒီယိုအနေနဲ့ ဖြန့်ချိဖို့ ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် ၃ မိနစ်စာ Trailer ကို Facebook ပေါ်တင်ပေးလိုက်ပြီးတဲ့အချိန်မှာ ပရိသတ်တွေက တခဲနက် အားပေး ကြကာ ဒီကားကို ဗီဒီယိုမလုပ်ဘဲ ရုပ်ရှင်ကားကြီးသာ ဖြစ်စေလိုချင်ကြောင်း တောင်းဆိုမှုများရှိလာပါတယ်။ အဲဒီအတွက် ကျနော်တို့ စိတ်ကြီးဝင်အဖွဲ့သားတွေဟာ ရိုက်ကူးပြီးသား ဗီဒီယိုဇာတ်ကားကို အကြိမ်ကြိမ်ကြည့်ရှူခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ပရိသတ် များ ဖြစ်စေချင်တဲ့အတိုင်း ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်ကာ အစအဆုံးရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။'' လို့ သိရပါတယ်။

play

 

ဗီဒီယိုဇာတ်ကားကနေ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပြီး ဗီဒီယိုဇာတ်ဝင်ခန်းထဲက ရုပ်ကဒ်တွေကို ပြန်လည် အသုံးမပြုဘူးဆိုတဲ့ ဝန်ခံကတိ ထိုးရတာကြောင့် အခက်အခဲဖြစ်ရတာတွေကိုလည်း အခုလိုရေးထားခဲ့ပါသေးတယ်။

''ဒီကား ကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့ ပြင်ဆင်တဲ့အခါမှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဗီဒီယိုကို ရုပ်ရှင်အဖြစ် လုပ်ခွင့် မပေး တော့ဘူး ဆိုတဲ့ စည်းမျဉ်းကြောင့် အရင်ရိုက်ကူးပြီးသား ဗီဒီယိုဇာတ်ကားမှ ရိုက်ကူးထားသော data များအားလုံးကို ရုပ်ရှင် အစည်း အရုံး ကို အပ်နှံကာ ထိုဗီဒီယိုကားထဲမှ အရုပ်ကတ်တစ်ခုတလေ တစ်စိတ်တစ်ပိုင်းကိုမျှ ပြန်လည်မသုံးစွဲပါဘူးဆိုတဲ့ ဝန်ခံကတိ  ကို လက်မှတ် ထိုးပေးလိုက်ရပါတယ်။ အဲဒီအတွက် ရုပ်ရှင်အဖြစ် ဒီကားကို ပြန်လည်ရိုက်ကူးတဲ့အခါ ဇာတ်ကားအစအဆုံးကို အသစ် ပြန်လည် ရိုက်ကူးမှာဖြစ်ပါတယ်။ အရင်ဗီဒီယိုတစ်ကားစာ ကုန်ကျငွေများအားလုံးကိုလည်း အဆုံးခံလိုက်မှာပါ။ အရင်ကား ထက် ဇာတ်လမ်း ဇာတ်ကွက်ပိုင်း၊ dialogue ပိုင်း၊ actor ပိုင်းတွေပါမကျန် ပိုမိုကောင်းမွန်မြိုင်ဆိုင်အောင် ကြိုးစားပုံဖော်ကြမှာပါ'' လို့ ဆိုပါတယ်။

play

 

စိတ်ကြီးဝင်နေသော မိန်းမ ဗီဒီယို ဇာတ်ကားကို အွန်လိုင်းပေါ်မှာ အမြည်းသဘော တင်လိုက်ကတည်းက ရွှေမှုံရတီရဲ့ ချစ်စရာ ကောင်း လှ တဲ့ အချေဆန်ဆန် ဇာတ်ဝင်ခန်းတွေကို ပရိသတ်တွေအားပေးမှုအများကြီးရရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာရာဇဝင်ကို အနေနဲ့ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ စတင်အောင်မြင်ခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်ရွာ ရုပ်ရှင် ဇာတ်ကားကြီး ၂ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ သူရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တာဖြစ်ပြီး အခုလည်း စိတ်ကြီးဝင်နေတဲ့ မိန်းမ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် မြတ်သူကျော်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ တို့ကို အဓိက ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ 

See More

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video