AD
AD
AD

လူငယ်ပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် ရဲရင့်အောင်ကတော့ ဒုတိယစီးရီးအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒုတိယစီးရီးမှာ ကိုယ့်ကိုကိုယ် ပညာပြန်ပေးထားတဲ့ သီချင်းမျိုးတွေ ပါဝင်တယ်လို့လည်း သိပါတယ်။ ဒုတိယစီးရီးအတွက် သီချင်းတွေ အားလုံး ရေးသားပြီးပေမယ့်လည်း အသံတော့ မသွင်းရသေးဘူးလို့ သိရပါတယ်။

play

 

အခွေကို လာမယ့် နှစ်ထဲမှာသာ ထွက်ရှိနိုင်မယ်လို့လည်း ရဲရင့်အောင်က ဆိုပါတယ်။

"‘နှစ်ပုဒ်လောက်ပဲ အချော သပ်ရေးစရာကျန်တော့တယ်။ ဒီ အခွေထဲက သီချင်းတွေက ကျွန် တော့်အတွက် အခုလတ်တလော အချိန်မှာတော့ အရမ်းအဓိပ္ပာယ် ရှိတယ်။ ပြီးတော့ ကျွန်တော် အ များကြီးကြိုးစားထားတယ်။ အ ကြောင်းအရာတွေကတော့ မျှ တယ်။ အချစ်သီချင်းတွေလည်း ပါတယ်။ ကျွန်တော့်ကိုယ်ကျွန် တော်ပြန်ပြီး ပညာပေးထားတဲ့ သီချင်းတွေလည်း ပါတယ်။ များ သောအားဖြင့် သူများကို ပညာမ ပေးတတ်တဲ့အတွက် ကျွန်တော့် ကိုယ်ကျွန်တော်ပညာပေးထားတဲ့ သီချင်းတွေ အများကြီး ပါပါ တယ်’’ လို့သူက ပြောပြထားပါတယ်။

play

 

ဒုတိယစီးရီးမှာတော့ Featuring အနေနဲ့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ပါဝင်မှာ ဖြစ်ပြီး သီချင်းအပုဒ်ရေကတော့ ၁၁ပုဒ်ခန့် ထည့်ဖို့ စီစဉ်ထားကာ အွန်လိုင်းကနေလည်း သီချင်းလေးတွေ တင်သွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

မကြာခင် သူပါဝင်ထားတဲ့  ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

play

 

ရဲရင့်အောင်ကတော့ ဂီတပိုင်းကော သရုပ်ဆောင်ပိုင်းပါ ကြိုးစားလုပ်ကိုင်လျက်ရှိပြီး လက်ရှိ အချစ်ရေးကတော့ အဆင်ပြေချော့မွေးနေ့သလို မကြာခင်မှာတော့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။

Postby

 

Source : 7day Daily

Photo : ရဲရင့်အောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD