AD
AD
AD

အဆိုတော် ဒေါ်မာမာအေးက အသက်(၇၅)နှစ်ပြည့် မွေးနေ့မှာ မွေးနေ့အမှတ်တရအဖြစ် ဖျော်ဖြေပွဲတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲတွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး စိန်ရတုအဉ္ဇလီနှင့် စိန်ရတုမန္တလာ ဆိုပြီး နာမည်ပေးထားတယ် လို့လည်း သိရပါတယ်။

play

 

‘(၇၅) နှစ်ပြည့်တဲ့အခါ မြန်မာပြည်ပြန်လာပြီး ကိုယ့်ရဲ့ ပရိသတ်တွေကို သီချင်းဆိုပြချင် တယ်။ စင်ပေါ်မတက်လာလည်း ငါးနှစ်ရှိပြီ။ စင်ပေါ်မတက်ခဲ့တဲ့ လူ ကြီးတွေအားလုံးကို ဆွဲထုတ်ပြီး ဒီပွဲမှာ ပြန်ဆိုပါမယ်။ မွေးနေ့လာ ပြန်လုပ်တဲ့သဘောပါပဲ။ ကိုယ့်ရဲ့အထောက်အပံ့ရတဲ့ ပစ္စည်းအားလုံး၊ ငွေကြေးအားလုံးကို စုပြီး ဒီမှာမွေးနေ့လုပ်ဖို့ ကိုယ့်ဂီတသမား တွေနဲ့ ဆိုဖို့၊ တီးဖို့ ပြန်လာတာပါ’’ လို့ သူက ဆိုပါတယ်။

play

 

ရန်ကုန်မြို့မှာ ကျင်းပမယ့် ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၁၃)ရက်နေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာ(၁၆) ရက်နေ့မှာ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မှာကျင်းပမယ့် ဖျော်ဖြေပွဲတွင် ဘဘဘိုကလေး တင့်အောင်အပါအဝင် နာမည်ကြီး အဆိုတော် များစွာ ပါဝင်မှာ ဖြစ်သလို လူကြီးတွေကို ကန်တော့ရင်း သီချင်းဆိုကြမယ်လို့ ဒေါ်မာမာအေးက ဆိုပါတယ်။

play

 

မန္တလေးပွဲမှာတော့ အဆိုတော်ကြီးများ ဖြစ်ကြတဲ့ သန်းထွန်းလေး၊ မောင်သိန်းဝင်း၊ ချိုပြုံး၊ မန္တလေးသိန်းဇော်၊ ရန်အောင်၊ ထွန်းအိန္ဒြာဗို၊  မေသက်ထားဆွေ နဲ့ ဝိုင်းလမင်းအောင်တို့က ပါဝင်ဖျော်ဖြေပေးကြမယ်လို့ သိရပါတယ်။

ရန်ကုန်ပွဲအတွက် လက်မှတ်ဈေးနှုန်းများကတော့  ကျပ် ၅,၀၀၀၊ ၁၀,၀၀၀၊ ၂၀,၀၀၀နဲ့ ၃၀,၀၀၀ လို့ သတ်မှတ်ထားပါတယ်။ မန္တလေးလက်မှတ် ဈေးနှုန်းများကတော့ ထပ်မံ ကြေညာသွားမယ်လို့ သိရပါတယ်။

Postby

 

Source & Photo : 7day Daily၊ မာမာအေး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD