AD
AD
AD

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းစဉ်များကို ၂၀၁၈ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့ စကာ စတင်မယ်လို့ သိရပါတယ်။ အချိန်(၂)နှစ်ယူဆောင်ရွက်မျာ ဖြစ်ပြီး ယင်းဇာတ်ကားကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးမယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ယခင်က ကျပ်သိန်းသုံးသောင်းခန့် အကုန်ကျခံ ရိုက်ကူးဖို့ ရည်ရွယ်ထားသော်လည်း လက်ရှိမှာ ဇာတ်ကားရိုက်ကူးဖို့ အလှူငွေ သိန်း ရှစ်ထောင်ခန့်သာ ရှိတာကြောင့် ဇာတ်ညွှန်းကို ပြန်လည် ပြင်ဆင်ရမယ်လို့လည်း ဆိုပါတယ်။

"‘ဝေဖန်ပြောဆိုနေကြတဲ့အ ထဲမှာ ကိုယ့်စိတ်ထဲမှာ အနာကျင် ရဆုံးတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့ တောင်မှ ပြီးအောင် မလုပ်နိုင်ဘူး ဆိုတဲ့ Angle ကနေ ပြောဆိုနေ ကြတာတွေရှိတယ်။ အဲဒီဟာက ကိုယ်   သည်းမခံနိုင်ဆုံးပဲ။ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ် ရုပ်ရှင်ရိုက်ဖို့ စီစဉ်တာ မဖြစ်ဘူး ဆိုတာကို ကိုယ်အဖြစ်မခံနိုင်ဘူး။ အဲဒီစိတ်နဲ့ပဲ တာဝန်ခံလိုက်တာ ပါ။ တကယ်တမ်းပြောရရင် အင် မတန်တာဝန်ကြီးပါတယ်။ အဲဒီ စိတ်တစ်ခုတည်းနဲ့ ပခုံးထမ်းယူ လိုက်တာပါ’’ ဆိုပြီး ဇာတ်ကားပုံဖော်ရန် တာဝန်ယူဖြစ်တဲ့ အကြောင်းကို ပြောပြထားပါတယ်။

play

 

အဓိက သရုပ်ဆောင်များကိုလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်အဖြစ် ယခင်ကတည်းက ရွေးချယ်ထားတဲ့ ကျော်ကျော်မျိုးနဲ့ ဇာခြည်လင်းတို့ နှစ်ဦးနဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။ ယင်းဇာတ်ကားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာမှာ ရုံတင်နိုင်ဖို့ အဆင်သင့်ဖြစ်ရမယ်လို့လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက  ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ (၁၃)ရက်တွင် စတင်ဖွဲ့စည်ခဲ့ပြီး အဆိုပါရုပ်ရှင်ကို ဗိုလ်ချုပ်အောင် ဆန်း အသက်(၁၀၀)ပြည့်မြောက်သည့် ၂၀၁၅ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်(၁၀၀)ပြည့်မှာ ရုပ်ရှင်ရိုက်ကူး ရေးအလှူငွေရှာဖို့ အမြည်းနမူနာသာ ရိုက်ကူးနိုင်ပြီး အဲ့ဒီနမူနာကိုလည်း ဝေဖန်မှုများရှိခဲ့ပါတယ်။

Source ; 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD