AD
AD
AD

အသက် ၂၆နှစ်ရှိနေပြီဖြစ်တဲ့ တေးရေးအဆိုတော် အက်ဒ်ရှီယန်ဟာ ကမ္ဘာကျော်အဆိုတော် Rapper အမ်မီနမ်နဲ့အတူ သီချင်းတစ်ပုဒ်သီဆိုထားပါတယ်။

play

 

အဲ့ဒီ့သီချင်းဟာ ဒီဒီဇင်ဘာလထဲမှာထွက်ရှိလာမယ့် အမ်မီနမ်ရဲ့၉ခုမြောက်တေးအယ်လ်ဘမ်ဖြစ်တဲ့ 'Revival' ထဲမှာ ပါရှိမယ့်သီချင်းလည်းဖြစ်ပါတယ်။

အရင်ကတည်းက အမ်မီနမ့်တေးသီချင်းတွေကိုအရူးအမူးကြိုက်နှစ်သက်ပါတယ်လို့ ၀န်ခံဖူးတဲ့ အက်ဒ်ဟာ "ကျွန်တော် ဒါကိုအကြာကြီးလျှို့ဝှက်မထားနိုင်တော့ဘူး။ ကျွန်တော်ဒီလိုသီချင်းအတူဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိတယ်။ အမ်မီနမ်ဆိုတာ ကျွန်တော်သီချင်းတွေရေးဖြစ်ဆိုဖြစ်လာစေတဲ့ လေးစားရတဲ့အဆိုတော်တစ်ယောက်ဆိုလည်းမမှားဘူး။ သီချင်းနာမည်ကတော့ River ပါ" လို့ ပြောပြထားပါတယ်။

play

 

အမ်မီနမ်ဟာ အဲ့ဒီ့အယ်လ်ဘမ်ထဲမှာ အက်ဒ်အပြင် အလီရှာကီးစ်၊ ပင့်ခ်၊ ခလာနီနဲ့ စကိုင်လာဂရေးတို့နဲ့အတူဖန်တီးထားတဲ့ သီချင်းတွေလည်း ပါဝင်ဦးမယ်လို့ပြောပြထားပါသေးတယ်။ ဒါ့အပြင် အက်ဒ်နဲ့ဘီယွန်းဆေးရဲ့ နှစ်ယောက်တွဲသီချင်း မကြာခင်ရက်က ထွက်ပြီးတဲ့နောက်မှာတော့ အမ်မီနမ်ကလည်း ဒီအယ်လ်ဘမ်ထဲမှာ ဘီယွန်းဆေးနဲ့ သီချင်းတစ်ပုဒ် အတူဖန်တီးထားတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD