မေလ ၂၀ ရက်နေ့မှာ ထွက်ရှိသွားမှာပါ။
 

အိမ်မက်ဆုံရာ Season 4 ကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ နန့်ချစ်နဒီဇော်ရဲ့ တစ်ကိုယ်တော်အခွေဟာ မကြာခင် ပရိသတ်တွေဆီရောက်တော့မှာပါ။ ဒီအခွေအတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရတာတွေကိုလည်း Duwun Media ကနေတဆင့် ပြောပြခဲပါသေးတယ်။

'' နန့်ချစ်ရဲ့ ပထမဦးဆုံးတစ်ကိုယ်တော်အခွေ Surprise အခွေလေးကို နန့်ချစ် လုပ်နေတာကြာပါပြီ။ နန့်ချစ်အနုပညာလောကထဲကို စဝင်လာတာ ၂၀၁၃ ခုနှစ်ကတည်းကပါ အဲ့ဒီကစပြီးတော့ ဒါက ပထမဆုံးတစ်ကိုယ်တော်အခွေလို့ ပြောလို့ရပါတယ်။ နန့်ချစ်ရဲ့ တစ်ကိုယ်တော်အခွေကို အများကြီးကြိုးစားထားတဲ့အတွက် ပရိသတ်တွေ မမျှော်မှန်းထားတဲ့ သီချင်းပုံစံတွေ ထည့်သွင်းထားပါတယ်'' လို့ သူကဆိုပါတယ်။

 

ပထမဆုံးတစ်ကိုယ်တော်အခွေထွက်ရှိဖို့ ကြိုးစားနေချိန်မှာလည်း အတားအဆီးတွေအများကြီးရှိခဲ့တယ်လို့ သိရပါတယ်။

'' အနုပညာရှင်တစ်ယောက် ဒီလို တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ နန့်ချစ်ကိုယ်တိုင် လုပ်ပြီးသွားပြီမို့လို့ နန့်ချစ် သိရတာပေါ့နော်။ အများကြီးလည်းကြိုးစားထားတယ်၊ အခက်အခဲတွေရော အတားအဆီးတွေရော နန့်ချစ်မှာအများကြီးရှိတယ်။ အဲ့ဒါတွေကို စိတ်မပျက်ပဲ နန့်ချစ်ရဲ့ ပရိသတ်တွေအတွက်အများကြီးကြိုးစားထားပါတယ်'' လို့ နန့်ချစ်နဒီဇော်က ပြောပါတယ်။

မနောနဲ့အတူ စုံတွဲသီချင်းဆိုဦးမယ်ဆိုတဲ့ ဗီဗာဟိန်း 

Surprise အခွေလုပ်နေရင်း စိတ်ဓာတ်တွေလည်းကျခဲ့သလို ဆက်မလုပ်ချင်လောက်အောင် ပင်ပန်းခဲ့တယ်လို့ သူကဆိုပါတယ်။

'' ဒီအခွေလုပ်နေရင်းဆိုရင် နန့်ချစ် အရမ်းပင်ပန်းလွန်းလို့ ဝိတ်တွေလည်းကျသွားတယ်။ စိတ်တွေလည်းအရမ်းကျတယ် ဆက်ပြီး မလုပ်ချင်တော့လောက်အောင်ကို တအားပင်ပန်းတယ်၊ လုပ်ရတာတွေကလည်း ကိုယ်ကိုယ်တိုင်လုပ်ရတာတွေ ဖြစ်နေတဲ့အခါ ကျတော့ စိတ်ဓာတ်ကျသွားတဲ့အခါကျရင် ပရိသတ်တွေဆီဘယ်လိုလုပ်ရောက်တော့မလဲ'' လို့ ဆိုပါတယ်။

 

နန့်ချစ်နဒီဇော်ရဲ့ Surprise အခွေကို မေလ ၂၀ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေဆီအရောက် ပို့ပေး တော့ မယ်လို့ သိရပါတယ်။ အခွေထဲမှာ ပါဝင်တဲ့ သီချင်းလေးတွေကလည်း အရမ်းကို ထူးခြားတယ်လို့ သိရပါတယ်။ နန့်ချစ်နဒီဇော်ကို သူ့ရဲ့ ပရိသတ်တွေက ၂၀၁၃ ခုနှစ် အိမ်မက်ဆုံရာ Season 4 မှာကတည်းက အားပေးခဲ့ကြတာဖြစ်ပြီး 1 st Runner Up ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုအပိုင်းမှာသာမက သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က