သီချင်းနာမည်က IDFC လို့ဖြစ်ပါတယ်။
 

Audio စထွက်ချိန်ကစပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာ တို့ရဲ့ သီချင်းဟာ ဒီနေ့(မေလ၂၂ရက်)မှာ Music Video ထွက်ရှိလို့လာခဲ့ပါပြီ။ အဲ့ဒီသီချင်းဟာ မိန်းကလေးချင်း ချစ်ကြကြိုက်ကြတဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ သီချင်းလေး

တစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေ နှစ်သက်အားပေးမှု ရရှိခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ အမိုက်စား ရိုက်ကူးမှုတွေနဲ့ ထွက်ရှိလာတဲ့ အဲ့ဒိသီချင်းဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျမလားဆိုတာတော့ ရင်ခုန်စရာပါပဲ။

 

ယင်းသီချင်းကို စတင်ဖန်တီးခဲ့ချိန်က စန္ဒီမြင့်လွင်ပြောပြထားတာလေးလည်း ရှိပါတယ်။ အဲ့ဒါက "ဒီးဒီက မိန်းကလေးဖြစ်လို့ မိန်းကလေးနှစ်ယောက်ချစ်ကြိုက် တဲ့ အကြောင်းကိုဆိုခဲ့တယ်ဆို ပေမယ့် တကယ်တမ်းကျတော့ ဒီး ဒီရည်ရွယ်ချက်က အဲဒီသီချင်းက LGBT အားလုံးအတွက် အကုန် လုံးသူတို့ကို တတ်နိုင်သလောက် အထောက်အကူပြုစေဖို့ Support လုပ်ပေးတဲ့သီချင်းမျိုးပါ’’ လို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

အဲ့ဒီသီချင်းကို စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့ တွဲဖက်သီဆိုထားတဲ့ IDFC သီချင်းကို တေးရေး မိုးထက်က ရေးဖွဲ့ပေးထားတာ ဖြစ်ပြီး FG အင်တာတိန်းမန့်က ထုတ်လုပ်ထားတာပါ။Music Video မှာ စန္ဒီမြင့်လွင်၊ ဆိုဖီယာ၊ Bella နဲ့ ဂျက်ဆီကာဒါဒါတို့ ပါဝင်အားဖြည့် ထားတာ ကိုလည်းေ တွ့ရပါတယ်။

LGBT ဆိုတာကတော့ Lesbian၊ Gay ၊ Bisexual နဲ့ Transgender အုပ်စုကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

ဒုတိယစီးရီးအတွက် ပြင်ဆင်နေတဲ့ ဆိုဖီယာ  


Photo : စန္ဒီမြင့်လွင်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က