AD
AD
AD
play
Photo : အိချောပို

 

ဝါရင့်အနုပညာရှင်တွေ များစွာပါဝင်ထားတဲ့ " လူလည်ကြီးများရွာ" ရုပ်ရှင်ဇာတ်ကားကို ကန်တော့ပွဲကို ပျော်ဘွယ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဇာတ်ကားကန်တော့ပွဲနေ့ ပုံလေးတွေကိုလည်း အိချောပိုရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၇) ရက်နေ့ နေ့လည်က တင်ထားတာ တွေ့ရပါတယ်။ ဇာတ်ကားကန်တော့ပွဲ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်နော်။

play
Photo : ခန့်စည်သူ

 

စာရေးဆရာ အကြည်တော်ရဲ့ နာမည်ကြီး ဝတ္ထုဖြစ်တဲ့ "လူလည်ကြီးများရွာ" ဝတ္ထုကို ဒါရိုက်တာ ကိုပေါက်က ရုပ်ရှင်အဖြစ်ပုံဖော်ရိုက်ကူးမှာပါ။ ယင်းရုပ်ရှင်ဇာတ်ကားကို ဝါရင့်အနုပညာတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ပြေတီဦး၊ခိုင်သင်းကြည်၊ အိချောပို၊ ဒိန်းဒေါင်၊ ဗေလုဝ တို့အပြင် အခြားသော အနုပညာရှင်တွေများစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။

လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာဟာ ဒီနေနဲ့ဆိုရင် တတိယနေ့ဖြစ်နေပြီလို့ ပြေတီဦးက ပြောထားပါသေးတယ်။ "တတိယနေ့ရိုက်ကွင်း..အားလုံးကို လွမ်းဆွတ်တမ်းတ သတိရ..." ဆိုတဲ့ စာသားလေးနဲ့ အဖွဲ့သားတွေရဲ့ ဓာတ်ပုံလေးတွေကို ဇွန်လ(၇)ရက်နေ့က တင်ထားတာပါ။

play
Photo : အိချောပို

 

ပြေတီဦးရဲ့ ပို့စ်အောက်မှာ ပရိသတ်တွေက ကျန်းမာရေး ဂရုစိုက်ဖို့ကို မှာထားတဲ့ ကောမန့်တွေက အများကြီးပါ။ ကြည့်ရတာ ပြေတီဦးတစ်ယောက် နေမကောင်းလို့ ရိုက်ကူးမှုနားနေရတာလား မသိပါဘူး။

လူလည်ကြီးများရွာ ဝတ္ထုဟာ စာရေးဆရာ အကြည်တော် ရေးထားတဲ့ ဝတ္ထုတွေထဲက အောင်မြင်တဲ့ ဝတ္ထုတစ်ခုဆိုလည်း မမှားပါဘူး။ စာအုပ်ဖတ်ရုံနဲ့တင် တော်တော်ကို ဆွဲဆောင်နိုင်သလို တော်တော်ရယ်ရတဲ့ ဝတ္ထုလည်း ဖြစ်ပါတယ်။ အဲ့ဒီဝတ္ထုကို တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုပေါက်ကဝါရင့်အနုပညာရှင်တွေနဲ့ ဘယ်လိုပုံဖော်ရိုက်ကူးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD