AD
AD
AD
play

 

နေတိုးနဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေတို့ အဓိက ပါဝင်ထားတဲ့ တိမ်တိုက်တံတားရုပ်ရှင်ကြီးကို မကြာမီ ရက်ပိုင်းအတွင်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်မပြသခင် လပိုင်းလောက်ကတည်းက ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

play

 

နေတိုးနဲ့ ဗီယက်နမ်မင်းသမီးတို့ ပါဝင်ထားတဲ့ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်းတစ်ခန်းဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။ ဇာတ်ဝင်ခန်းလေးမှာ ဗီယက်နမ်မင်းသမီးနဲ့ နေတိုးတို့ရဲ့ ရိုမန့်တစ်ဆန်ဆန်သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ သဘောကျ နေသလို ဇာတ်ဝင်ခန်းမှာ သုံးထားတဲ့ နန်းဆုဦးရဲ့ ဆိုထားတဲ့ သီချင်းလေးဟာလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုတွေ ရိုမန့်တစ်တွေ ဆန်ဦးမလဲဆိုတာ စောင့်ကြရတော့မှာပါ။

Postby

တိမ်တိုက်တံတား ရုပ်ရှင်ကို ဇူလိုင်(၃) ရက်နေ့တွင် အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသတော့မှာ ဖြစ်တယ်လို့ ဒီနေ့(ဇွန်လ၁၃ရက်)တိမ်တိုက်တံတား ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

နေတိုးနဲ့ ဗီယက်နမ်မင်းသမီးလေးတို့ ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းလေးကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ပြန်ထည့်ပေးလိုက် တယ်နော်။

play

တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးကို  7th Sense Film Production က ထုတ်လုပ်ပြီးတော့ ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးထားကာ နေတိုး၊ ထွန်းထွန်း၊ခင်ဝင့်ဝါ၊ ငုယင်ထရန်ဟူရန်မေနဲ့အတူ အခြားသောအနုပညာရှင်များလည်း ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။

တိမ်တိုက်တံတား ရုပ်ရှင် ရိုက်ကူးစဉ်ကလည်း နေတိုးဟာ နည်းပညာရဲ့ တိုးတက်ပြောင်းလဲမှုတွေကို မခိုမကပ်ပဲ ရိုက်ကူးနိုင်ခဲ့ကြပြီး သဘာဝတရား အပေါ် အခြေခံတဲ့ ဘဝတွေကို မြင်တွေ့နိုင်ဖို့ ရည်ရွယ်ချက်ပေါင်း များစွာနဲ့ အဖက်ဖက်မှပြည့်စုံအောင် စွန့်စား ထားကြသော ရုပ်ရှင်ကားတကားလည်းဖြစ်တယ်ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD