အရသာ အသစ်တွေ ပေးဦးမယ် ထင်ပါတယ်။

ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေခဲ့တဲ့ ဖြိုးကြီးက မကြာခင် သီချင်းခွေအသစ်နဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိတော့ မှာပါ။ သြဂုတ်လ(၅) ရက်နေ့မှာ သူ့ရဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိတော့မှာပါ။ ပရိသတ်တွေကို ခံစားမှု ရသသစ်တွေ ဘယ်လို ပေးစွမ်းဦးမလဲ ဆိုတာ ရင်ခုန်စရာပါပဲ။

Photo : ဖြိုးကြီး FB

 

ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေတဲ့ ဖြိုးကြီးဟာ မကြာခင် ပရိသတ်တွေရှေ့ကို သီချင်းခွေအသစ်နဲ့ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်တွေနဲ့ သြဂုတ်လ(၅) ရက်နေ့မှာ ထွက်ရှိမယ့် ဖြိုးကြီးရဲ့ သီချင်းခွေအသစ်နာမည်က "င့ါရဲ့အရာရာ"တဲ့။ အဲ့ဒီအခွေ ထဲမှာ တခြားတေးရေး ဆရာတွေ များစွာ ပါဝင်ထားသလို ဖြိုးကြီးကိုယ်တိုင်ရေးသားထားတဲ့ သီချင်းများလည်း ပါဝင်ထားတယ်လို့ သိရပါ တယ်။

Photo : ဖြိုးကြီး FB

 

ဖြိုးကြီးဟာ "င့ါရဲ့အရာရာ" ဆိုတဲ့ သီချင်းခွေ မထွက်ခင်မှာ အွန်လိုင်းကနေ Single Song လေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။အဲ့ဒီသီချင်း သစ် ကို ဇွန်လ(၂၃) ရက်နေ့ အွန်လိုင်းမှာ တင်ပေးခဲ့ပါသေးတယ်။ သီချင်းနာမည်က "ရက်စက်လိုက်တာ"လို့ နာမည်ပေးထားတာပါ။"ရက်စက် လိုက်တာ" သီချင်းကို အွန်လိုင်းမှာ တင်ပြီး နောက် ဒုတိယတစ်ပုဒ်ဖြစ်တဲ့"ဆရာကြီးကို "ဇူလိုင်(၁၉) ရက်နေ့ ပရိသတ်တွေအတွက် အွန်လိုင်းမှာ ထပ်ပြီး တင်ပေးခဲ့ပါတယ်။

အွန်လိုင်းမှာ တင်ပေးခဲ့တဲ့ သီချင်းနှစ်ပုဒ်စလုံး ပရိသတ်အားပေးမှု ရရှိခဲ့တာတွေ့ရပါတယ်။ အခုတော့ ဖြိုးကြီးဟာ တစ်ကိုယ်တော်အခွေ ထပ်မံ ထွက်ရှိလာပါပြီ။ အခုထွက်ရှိမယ့် "င့ါရဲ့အရာရာ" အခွေထဲမှာ အွန်လိုင်းမှာ ထွက်ရှိထားတဲ့ သီချင်းလေးတွေ ပါဝင်မယ်လို့ သိရပါတယ်။

Photo : ဖြိုးကြီး FB

 

ဖြိုးကြီးရဲ့ "ငါ့ရဲ့အရာရာ" တစ်ကိုယ်တော်အခွေကို သြဂုတ်လ(၅) ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး အခွေထွက်မယ့်နေ့မှာပဲ အခွေပရိုမိုးရှင်း ပြုလုပ်ရင်း ပရိသတ်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိတယ်လိုု့ ဖြိုးကြီးက ဆိုပါတယ်။

"ဩဂုတ်လ ၅ ရက်နေ့ မှာ MEBC နှင့် Hledan Center တို့ ပူးပေါင်း စီစဉ်တဲ့ "မိုးရာသီ ဂီတဈေးပွဲတော်" နဲ့ အတူ လှည်းတန်းစင်တာ Promotion Area မှာ ညနေ ၃နာရီ မှ ၆နာရီ အတွင်း ပူးပေါင်းဖျော်ဖြေသွားမှာပါ။ မိုးရာသီ ဂီတဈေးပွဲတော် ကတော့ မနက် ၁၀နာရီ မှ ည၉နာရီ အထိဖြစ်ပါတယ်ခင်ဗျ၊ပရိသတ်အားလုံး နှင့် music ဝါသနာရှင် အားလုံးကို ဖိတ်ခေါ်ပါတယ် ခင်ဗျာ..." ဆိုပြီး သူ့ရ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဖြိုးကြီး FB

 

သူ့ရဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိမယ့် နေ့မှာ လှည်းတန်းစင်တာတွင် အခွေပရိုမိုးရှင်း ပြုလုပ်မှာ ဖြစ်ပြီး ဖြိုးကြီးနဲ့အတူ ဖြူဖြူကျော်သိန်း၊ ခင်စုစုနိုင်၊ ပန်းရောင်ခြယ်၊ပိုပိုဟေသာ၊ငဲငယ်လေး၊လမင်းခ၊ဖူးဖူးသစ်၊ဂရေဟမ်၊ဖိုးကာ၊အောင်ထက်တို့နဲ့အတူ  သီချင်းများနဲ့ ဖျေ်ာဖြေသွား မယ်လို့ သိရပါတယ်။

ဖြိုးကြီးဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ "အသင်္ချေ" ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ သူဟာ နောက်ပိုင်းမှာ အတွဲခွေများစွာမှာ ပါဝင်သီဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က