AD
AD
AD

နိုဝင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ 2017 MTV EMAs ပွဲမှာ ဆန်ခါတင်စာရင်းအများဆုံးဝင်ခဲ့သူက တေလာဆွစ်ဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ အသက် ၁၉ နှစ်အရွယ် ရှောင်းမန်းဒက်စ်က ဆုများစွာ သိမ်းပိုက်နိုင်သူဖြစ်သွားခဲ့ပါတယ်။

play

 

ရှောင်းမန်းဒက်စ်ဟာ ပရိသတ်အများဆုံးဆု၊ အကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံးအဆိုတော်ဆု စတဲ့ ဆုတွေကို ရရှိခဲ့ပါတယ်။ ရှောင်းမန်းဒက်စ်ရဲ့ နောက်ဆုံးထွက်သီချင်း There's Nothing Holdin' Me Back ဟာ DJ Khaled (Ft. ရီဟားနား) ရဲ့  Wild Thoughts ၊ အက်ဒ်ရှီယန်ရဲ့ နာမည်ကြီးသီချင်း Shape of You နဲ့ Daddy Yankee & Luis Fonsi တို့ရဲ့ကမ္ဘာကျော်သီချင်း Despacito တို့နဲ့ ယှဉ်ပြီး အကောင်းဆုံးသီချင်းအဖြစ် ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။

ရှောင်းမန်းဒက်စ်ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့အောင်မြင်မှုအတွက် ဝမ်းသာမဆုံးဖြစ်နေကြပါတယ်။

play

 

"ဒီဆုတွေက မင်းနဲ့ အရမ်းထိုက်တန်ပါတယ်" လို့ ပရိသတ်တွေက ပြောနေကြပါတယ်။

တေလာဆွစ်ကတော့ Category တိုင်းမှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပေမဲ့ ဆုမရရှိခဲ့ပါဘူး။ သူမကိုယ်တိုင်လည်း အဲဒီပွဲကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ရှောင်းမန်းဒက်စ် (Shawn Mendes) ဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကနေဒီယမ် အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ဗီဒီယိုတွေ Sharing လုပ်တဲ့ Vine အက်ပလစီကေးရှင်းမှာ ၂၀၁၃ ခုနှစ်က ပြန်ဆိုတေးတစ်ပုဒ် တင်ပြီးတဲ့နောက် သူ့ကို လူသိများလာတာဖြစ်ပြီး  နောက်တစ်နှစ်မှာတော့ သီချင်းတွေထုတ်ဖို့အတွက် ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ခွင့်ရလာပါတယ်။

play

 

၂၀၁၅ ခုနှစ်မှာ Hanwritten ဆိုတဲ့ သီချင်းအယ်လ်ဘမ်ကို ထုတ်ခဲ့ပြီး သူ့ရဲ့ Stitches သီချင်းဟာ အမေရိကမှာ Top 10 စာရင်းဝင်ခဲ့ပြီး UK မှာတော့ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်မှာ Illuminate ဆိုတဲ့ ဒုတိယအယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။

သူ့ရဲ့အယ်လ်ဘမ် ၂ ခုစလုံးဟာ US Billboard 200 စာရင်းဝင်ခဲ့ပြီး ရှောင်းမန်းဒက်စ်ဟာ အသက် ၁၈ နှစ်မပြည့်ခင်မှာပဲ ပထမဆုံးသီချင်းခွေနဲ့ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ အဆိုတော် ၅ ဦးစာရင်းထဲ ဝင်သွားခဲ့ပါတယ်။

Source : dailymail

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD