Movie & Music: 24K Magic နဲ့ ပြန်လည်ပေါ်ထွက်လာတဲ့ ဘရူနိုမားစ်

သီချင်းဗီဒီယိုကတော့ သံစဉ်တွေနဲ့အလိုက် ခပ်သွက်သွက်လေးပါပဲ။

play

 

ဆိုသမျှသီချင်းတိုင်းလိုလို ပေါက်နေခဲ့တဲ့ ဘရူနိုမားစ်က ဒီသီချင်းကိုလည်း သေသေချာချာ ပြင်ဆင်လာခဲ့ပုံရပါတယ်။ သီချင်းပုံစံက ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်တွေမှာ ခေတ်စားခဲ့စတိုင်လ်မျိုးကို ပြန်ဆွဲထုတ်ထားတာပါ။

play

 

ဒစ္စကို၊ အီလက်ထရို အမျိုးအစားကို ရပ်ပ်စာသားတွေနဲ့ အားဖြည့်ထားပါသေးတယ်။

play

 

သီချင်းဗီဒီယိုကတော့ သံစဉ်တွေနဲ့အလိုက် ခပ်သွက်သွက်လေးပါပဲ။ ကိုယ်ပိုင်လေယာဉ်ပေါ်က bling bling တွေနဲ့ ဆင်းလာပြီး အကောင်းစားကားကြီးပေါ်တက်မောင်းတာတွေ၊ အလန်းစားကောင်မလေးတစ်သိုက်နဲ့ ပါတီပွဲကျင်းပပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

play

 

အကကောင်းတဲ့အဆိုတော်ပီပီ ဘရူနိုက မြူးမြူးကြွကြွလည်း ကပြထားတာတွေ့ရပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ