Movie & Music: 2NE1 အဖွဲ့ထဲက CL ရန်ကုန်မှာ လာဖျော်ဖြေမယ်

သူမအပါအဝင် နာမည်ကြီးရက်ပ်ပါများလည်း ပါဝင်တယ်လို့ သိရပါတယ်။

play

 

2NE1 အဖွဲ့ထဲက CL အပါအဝင် အမေရိကန်နိုင်ငံက နာမည်ကြီး ရက်ပ်ပါများ ပါဝင်တဲ့ဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။ အဲ့ဒီဖျော်ဖြေပွဲကိုတော့ မေလအတွင်း ကျင်းပသွားမယ်လို့သိရပါတယ်။  2NE1အဖွဲ့ထဲက အဖွဲ့ဝင် CL နဲ့အတူ အမေရိကန်နိုင်ငံက နာမည်ကြီး အဆိုတော်များဖြစ်တဲ့ Soulja Boy နဲ့  Nelly တို့ ပါဝင်ဖျော်ဖြေမှာပါ။

UnDerDawg Festivalလို့ နာမည်ပေးထားတဲ့ အဲ့ဒီဖျော်ဖြေပွဲမှာ  Underground Music များကို အဓိကထား ဖျော်ဖြေ သွားမှာ ဖြစ်ပါတယ်။ ယင်းပွဲကို မေလ ၁၃ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီပွဲက ရရှိတဲ့ အကျိုးအမြတ်တွေကို မြန်မာပြည်ပြန်လည်ထူထောင်ရေးရန်ပုံငွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင် အောင် စီစဉ်ထားတယ်လို့လည်း ပွဲစီစဉ်သူ ကိုဂျောမရန်က 7day Daily ကိုဖြေဆိုထားပါတယ်။ UnDerDawg Festival လက်မှတ်များကို မတ်လ(၂၉)ရက်နေ့ကစလို့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ ငွေကျပ်သုံးသောင်း၊ ခြောက်သောင်းခွဲ၊ နှစ်သိန်း၊ သုံးသိန်းနဲ့ VVIP လို့ သတ်မှတ်ထားပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ