AD
AD
AD
play

 

တောင်ကိုရီးယား နာမည်ကျော်အဆိုတော်အဖွဲ့ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်း မင်ဇီဟာ အေဂျင်စီသစ်နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ သိရပါတယ်။ မင်ဇီနဲ့ စာချုပ်ချုပ်ဆိုတဲ့အကြောင်းကို The Music Works အေဂျင်စီက မေလ ၁၆ ရက်မှာ အတည်ပြုပေးလိုက်တာပါ။

အခြားအေဂျင်စီတစ်ခုဖြစ်တဲ့ The Label ကလည်း မင်ဇီနဲ့ စာချုပ်ချုပ်ဖို့ရှိတယ်လို့ ဆိုထားပြန်ပါတယ်။ The Lable နဲ့ ပတ်သက်ပြီး မင်ဇီကတော့ တစ်စုံတစ်ရာ မပြောသေးပါဘူး။ The Music Works နဲ့ သဘောတူစာချုပ် ချုပ်ခဲ့တဲ့အကြောင်းကိုတော့ မင်ဇီဘက်က အတည်ပြုပေးခဲ့ပါတယ်။

play

 

မင်ဇီဟာ 2NE1 အဖွဲ့ကနေ ယခုနှစ် ဧပြီ ၄ ရက်နေ့က နုတ်ထွက်ခဲ့ပြီး YG Entertainment ကိုပါ နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD