AD
AD
AD

ပရိသတ်တွေ စောင့်မျှော်နေတဲ့ 3 Girls ရုပ်ရှင်ဇာတ်ကားကတော့ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ယင်းရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလထဲမှာ ရုံတင်တော့မယ်ဆိုတဲ့အကြောင်းကိုတော့ 3 Girls ဖေ့စ်ဘွတ်စာမျက်နှာကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။

play

 

"ကဲ... အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ 3Girls ရဲ့ Official Trailer လေးကို တင်ပေးလိုက်ပါပြီနော် ပရိသတ်ကြီးလည်း ကျေနပ် နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်... ဒီနှစ်မကုန်ခင် ရုံပေါ်အရောက်တင်တော့မှာဆိုတော့ ရုံတင်တဲ့အခါကြရင်လည်း ပရိသတ်ကြီးရဲ့အားကိုမျှော်လင့်နေမယ်နော်." ဆိုပြီး ရေးသားထားပါတယ်။

3Girls ရဲ့ Official Trailer လေးကိုလည်း 3Girls ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၂၃ရက်နေ့က တင်ခဲ့ပါတယ်။အဲ့ဒီနေ့ကနေ စပြီး ယနေ့အထိ ယင်းနမူနာလေးကို ကြည့်ရှုသူပေါင်း 1.1 သန်း ရှိခဲ့ပါတယ်။

play

 

ပရိသတ်တွေကလည်း အဲ့ဒီဇာတ်ကားလေးကို ကြည့်ချင်နေပြီ ဖြစ်တယ်လို့ ကောမန့်တွေမှာ ရေးထားတာကိုလည်း တွေ့ရပါတယ်။

 3Girls ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး အလင်းရောင်၊ ဖွေးဖွေ၊ အိချောပို၊ ပိုင်ဖြိုးသုတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Postby

 

အလင်းရောင်ကလည်း မကြာခင် ရုံတင်တော့မယ့် အဲ့ဒီဇာတ်ကားအတွက် ရင်တွေ ခုန်နေပါတယ်တဲ့။  3 Girls ဇာတ်ကားနဲ့ ပတ်သက်ပြီး ကျန်ရှိတဲ့ အချက်အလက်တွေကိုလည်း 3 Girls ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြသွားမယ်လို့လည်း ရေးသားထားပါတယ်။

Source & Photo : 3Girls ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD