Movie & Music: 360 နဲ့တင်ဆက်ထားတဲ့ OneRepublic ရဲ့ သီချင်းဗီဒီယို

၃၆၀ ဒီဂရီပတ်ချာလည် လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

play

 

အမေရိကန် ပေါ့ပ်၊ရော့ခ် အဆိုတော်အဖွဲ့ OneRepublic ဟာ Kids အမည်ရှိ သီချင်းကို 360 ဗီဒီယိုပုံစံနဲ့ YouTube ပေါ်မှာ တင်လိုက်ပါတယ်။ အခြားသီချင်းတွေလို ဗီဒီယိုမျိုးမဟုတ်ဘဲ ၃၆၀ ဒီဂရီပတ်ချာလည် လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ သရုပ်ဆောင်ကတော့ သူတို့အဖွဲ့သားတွေပါပဲ။

play

 

Kids သီချင်းဟာ အောက်တိုဘာ ၇ ရက်နေ့မှာ ထွက်ရှိမယ့် အယ်လ်ဘမ်သစ် Oh My My ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းဗီဒီယိုကိုတော့ သြဂုတ် ၂၆ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ်ကတော့ ၃၆၀ ဒီဂရီကြည့်နိုင်မယ့်ပုံစံနဲ့ ထပ်မံတင်ဆက်လိုက်တာပါ။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ