Movie & Music: အယ်လ်ဘမ်သစ်ရဲ့ခေါင်းစဉ်သီချင်းကို ဖြန့်ချိလိုက်တဲ့ A Pink

ဆယ်ကျော်သက်တွေကြိုက်လောက်မယ့် တီးလုံးလေးတွေနဲ့အတူ သာယာတဲ့အသံလေးတွေကို နားဆင်နိုင်မှာပါ။

play

 

အမျိုးသမီး K Pop အဖွဲ့တွေထဲမှာ အခြားအဖွဲ့တွေနဲ့မတူဘဲ ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ ဟန်ပန်နဲ့အမြဲတမ်းမြင်ရတဲ့ A Pink အဖွဲ့ဟာ နောက်ဆုံးထွက် အယ်လ်ဘမ်ထဲက သီချင်းကို စတင်ဖြန့်ချိလိုက်ပါတယ်။ Only One လို့ အမည်ပေးထားတဲ့သီချင်းဟာ အဖွဲ့ရဲ့ တတိယမြောက်အယ်လ်ဘမ်ထဲက ထိပ်ဆုံးသီချင်းလည်းဖြစ်ပါတယ်။

play

 

တတိယမြောက်အယ်လ်ဘမ် Pink Revolution မှာ သီချင်း ၈ ပုဒ် ပါဝင်ပြီး Only One သီချင်းဗီဒီယိုကိုတော့ ပထမဆုံး ပြသလိုက်တာပါ။ ဆယ်ကျော်သက်တွေကြိုက်လောက်မယ့် တီးလုံးလေးတွေနဲ့အတူ အဖွဲ့ဝင်ခြောက်ဦးလုံးက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ