Movie & Music: ဘရတ်ပစ်နဲ့ မာရီယွန်ကော့တီးလတ်တို့ရဲ့ Allied ဇာတ်ကားနမူနာထွက်ရှိ

သူတို့ရဲ့ ချစ်ခန်းကြိုက်ခန်းတွေကလည်း အသက်ပါလှပါတယ်။

play

 

ဘရတ်ပစ်ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Allied ရဲ့ ပထမဆုံး ကြော်ငြာအပိုင်းတိုလေ ထွက်တဲ့နေ့ဟာ အန်ဂျလီနာဂျိုလီက ကွာရှင်းခွင့်တင်တဲ့နေ့ဖြစ်ပါတယ်။

play

 

ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ ကွာရှင်းရခြင်းအကြောင်းရင်းက Allied ဇာတ်ကားရိုက်ကူးစဉ် တွဲဖက်သရုပ်ဆောင် မာရီယွန်ကော့တီးလတ်နဲ့ ဘရတ်ပစ်တို့ ဇာတ်လမ်းရှုပ်လို့ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ရှိခဲ့ပါတယ်။

play

 

၂၀၀၇ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ပြင်သစ်မင်းသား Guillaume Canet နဲ့ရတဲ့ ဒုတိယမြောက်ကိုယ်ဝန်ကိုလွယ်ထားရတဲ့ ပြင်သစ်မင်းသမီးချော အော်စကာဆုရှင် မာရီယွန်ဟာ သူမနဲ့ ဘရတ်ပစ်တို့ ပတ်သက်မှုရှိတယ်ဆိုတာ မဟုတ်ကြောင်းလည်း ဖြေရှင်းခဲ့ရပါတယ်။

play

 

ဘာကြောင့်ရယ်လို့ အတိအကျမသိရတဲ့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ကွာရှင်းပြတ်စဲမှု ဆက်လက်လုပ်ဆောင်နေချိန်မှာ Paramount က Allied ဇာတ်ကားရဲ့ ပထမဆုံး တရားဝင်နမူနာကို ထုတ်လွှင့်လိုက်တာဖြစ်ပါတယ်။

play

 

ဒုတိယကမ္ဘာစစ်အတွင်းက စပိုင်တွေအဖြစ် သရုပ်ဆောင်ထားကြတဲ့ ဘရတ်ပစ်နဲ့ မာရီယွန်တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုနဲ့အတူ Allied ဇာတ်ကားဟာ နိုဝင်ဘာလ ၂၃ ရက်မှာ စတင်ရုံတင်မှာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ