Movie & Music: နောက်ဆက်တွဲလာဦးမယ့် Angry Birds ရုပ်ရှင်

, updated

ဂိမ်းတင်မက ဇာတ်ကားအနေနဲ့ပါ အောင်မြင်ခဲ့ပါတယ်။

play

 

မိုဘိုင်းဂိမ်းအဖြစ်နဲ့ စတင်မိတ်ဆက်စဉ်က လူကြိုက်များလာတဲ့နောက်မှာ ဇာတ်လမ်းအဖြစ် အသက်သွင်းခဲ့တဲ့ Angry Birds ကို နောက်ဆက်တွဲဇာတ်လမ်းတွေပါ ထပ်မံရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Wall Street ဂျာနယ်ရဲ့ဖော်ပြချက်အရ Rovio Entertainment ဟာ Angry Birds ဇာတ်လမ်းကို နောက်ဆက်တွဲရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ The Angry Birds Movie ကို နောက်ဆက်တွဲရိုက်ဖို့အတွက် အစီအစဉ်တွေ စတင်နေပြီဖြစ်ကြောင်း Rovio ရဲ့ အမှုဆောင်အရာရှိချုပ် ကာတီ လီဗိုရန်တာက Wall Street ဂျာနယ်ကို ပြောကြားခဲ့တာပါ။

play

 

Angry Birds ရုပ်ရှင်ဟာ ဂိမ်းကိုရုပ်ရှင်အဖြစ်အသက်သွင်းတဲ့ ဇာတ်ကားတွေထဲမှာ သမိုင်းတစ်လျှောက် ဒုတိယမြောက် အမြတ်အစွန်းအများဆုံးရတဲ့ ဂိမ်းရုပ်ရှင်လည်း ဖြစ်လာပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် ဒေါ်လာ ၇၃ သန်းသာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားဟာ အမေရိကတင်မက ကမ္ဘာတစ်ဝန်းမှာပါ လူကြိုက်များခဲ့ပြီး ဒေါ်လာ ၃၄၆.၉ သန်း ပြန်လည်ရရှိခဲ့ပါတယ်။

Source : Verge

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ