Movie & Music: AOA အဖွဲ့မှ ယူကျောင်း နုတ်ထွက်

ယူကျောင်းဟာ AOA Black အဖြစ် ၂၀၁၂ ခုနှစ်မှာ ပွဲထွက်မိတ်ဆက်ခဲ့ပါတယ်။

play

 

တောင်ကိုရီးယား နာမည်ကျော်အဆိုတော်အဖွဲ့ဝင် AOA ရဲ့ အဖွဲ့ဝင် ယူကျောင်းဟာ အဖွဲ့ကနေနုတ်ထွက်လိုက်ပါပြီ။ ယူကျောင်းနဲ့ လက်တွဲဖြုတ်လိုက်ကြောင်းကိုလည်း FNC အေဂျင်စီက AOA ရဲ့တရားဝင်ဖန်ကဖေးကတစ်ဆင့် ပရိသတ်ကို အသိပေးခဲ့ပါတယ်။

play

 

AOA အဖွဲ့ဝင် ယူကျောင်းနဲ့ FNC ရဲ့ကြားမှာ ချုပ်ဆိုထားတဲ့စာချုပ် ပြီးဆုံးသွားပြီဖြစ်ကာ ယူကျောင်းရဲ့ရွေးချယ်မှုကို အသိအမှတ်ပြုပါကြောင်း ဖော်ပြထားပါတယ်။ ကုမ္ပဏီနဲ့ စာချုပ်မရှိတော့ပေမယ့် AOA အဖွဲ့ရဲ့ ဧည့်သည့်အဖွဲ့ဝင်အဖြစ်နဲ့ ပူးပေါင်းဖို့ရှိပါသေးတယ်လို့လည်း ကြေညာချက်မှာ ပါဝင်ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ