ဒါတွေသိထားတော့ ရုပ်ရှင်ကြည့်ရင် နားလည်ရ ပိုလွယ်ကူပါလိမ့်မယ်။
 

Black Panter ရဲ့ Loyal Army က Tharnos ကိုရင်ဆိုင်ပြီး စကြဝဠာကြီးကို ကယ်တင်ဖို့အတွက် Avengers နဲ့ ပူးပေါင်းပါတော့မယ်။ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး လုံးဝ နားမလည်သေးသူတွေလည်း ရှိနေသေးပါတယ်။ ဒါကြောင့် ဒီကားကို သွားကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်း နားလည်ဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ THE INFINITY WAR

 

Thanos နဲ့ The Black Order (Thanos ရဲ့ကလေးတွေ) တို့က ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကိုယ်တိုင် ရောက်လာပါတော့တယ်။ အဲဒီအတွက် သူတို့တွေအနေနဲ့ Infinity Stone ၆ ခုစလုံးကို တွေ့အောင်ရှာဖို့ လိုပါတယ်။ The Avengers, Black Panther, Doctor Strange နဲ့ တခြား Marvel ဟီးရိုးတွေသာလျှင် Thanos ကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

၂။ Thanos ဆိုတာ ဘယ်သူလဲ

 

သူ့ရဲ့ ခရမ်းရောင်ခေါင်းကြီးနဲ့ အတွန့်တွေ များလှတဲ့ မေးစေ့ကြီးက သူ့ရဲ့ အထင်ရှားဆုံး လက္ခဏာတွေပါပဲ။ မိသားစုထဲမှာ ရုပ်ဆိုးလွန်းလို့ အပစ်ပယ်ခံထားရသူတစ်ဦးဖြစ်ပြီး ဒေါသတွေနဲ့ အမြဲပြည့်နေသူတစ်ဦးပေါ့။ Eternal နှစ်ဦး (ဆင့်ကဲပြောင်းလဲလာတဲ့ လူသားများ) က သူ့ကို မွေးဖွားခဲ့တာပါ။ သူ့ဖခင်က မိသားစုကို စွန့်ခွာခဲ့ပြီး သူ့မိခင်ကတော့ သူ ရုပ်ဆိုးလွန်းတာကို ရှက်တဲ့အတွက် သူ့ကို သတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒါကြောင့်ပဲ Thanos က ဖျက်လိုဖျက်ဆီးနိုင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

၃။ THE INFINITY STONES

 

စိတ် (Mind), အာကာသ (Space), စွမ်းအား (Power), သဘာဝ (Reality), အချိန် (Time) နဲ့ ဝိညာဉ် (Soul) ဆိုပြီး ကျောက်တုံး ၆ ခု ရှိပါတယ်။ ဝိညာဉ်ကျောက်တုံး (Soul Stone) ကလွဲပြီး ကျန်တဲ့ ကျောက်တုံးတွေက ယခင် Marvel ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

စိတ်ကျောက်တုံး (Mind Stone) က စိတ်ကိုထိန်းချုပ်ခြင်း၊ စွမ်းအင်၊ ပစ္စည်းတွေကို အဝေးကနေ ရွှေ့နိုင်ခြင်း၊ မနောနဲ့ဆက်သွယ်ခြင်းနဲ့ စိတ်နဲ့ခရီးသွားခြင်း စတာတွေကို လုပ်ဆောင်စေနိုင်ပါတယ်။

အာကာသကျောက်တုံး (Space Stone) ကတော့ အာကာသထဲကို ပေါ့ပေါ့ပါးပါးနဲ့ သွားလာနိုင်စွမ်းပေးတယ်။

Power Stone လို့ခေါ်တဲ့ စွမ်းအင်ကျောက်တုံးကျတော့ တခြားကျောက်တုံးတွေရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးပြီး အမတစွမ်းရည်တွေကိုလည်း မူပွားပေးနိုင်ပါတယ်။

သဘာဝကျောက်တုံး (Reality Stone) က သဘာဝတရားကြီးကို လိုသလို စီမံနိုင်ပြီး သူလုပ်လိုက်တဲ့ ပြောင်းလဲမှုကို ဘယ်သူမှ မသိနိုင်သလို ဘယ်သူမှလည်း ကြိုမမြင်နိုင်ပါဘူး။

အချိန်ကျောက်တုံး (Time Stone) က သွားချင်တဲ့အချိန်ကို ရောက်အောင် လုပ်ပေးနိုင်ပါတယ်။

ဝိညာဉ်ကျောက်တုံး (Soul Stone) ကို ပိုင်ဆိုင်ထားသူဟာ ဝိညာဉ်တွေကို စုပ်ယူနိုင်ပြီး အဲဒီဝိညာဉ်တွေ သိသမျှကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

၄။ သေဆုံးမှုတွေ ရှိလိမ့်မယ်

 

ဘယ်သူသေမယ်ဆိုတာကိုတော့ မပြောတော့ပါဘူး။ ဒါပေမဲ့ စစ်ပွဲဖြစ်တဲ့အတွက် သေဆုံးမှုတွေရှိမယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်။

၅။ Infinity War အစပျိုးနေတာ ၁၀ နှစ်လောက်ရှိပါပြီ

 

၂၀၀၈ ခုနှစ်မှာ Iron Man နဲ့ စတင်ပြီး စစ်ပွဲတွေဖြစ်လာတာ ဒီနှစ်အစောပိုင်းမှာ ပြသခဲ့တဲ့ Black Panther အထိ တောက်လျှောက် ဖြစ်ခဲ့တာပါ။ ဆယ်စုနှစ်တစ်စုလုံး ပြသခဲ့တဲ့ ရုပ်ရှင်ကားတွေကို ကြည့်ပြီးတဲ့နောက် နောက်ဆုံး ရလဒ်ကို အခုကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source : thesource

Share

Loading Next Article...
က္က