Movie & Music: အေဂျင်စီနဲ့လမ်းခွဲပြီး ကိုယ်တိုင်ရပ်တည်တော့မယ့် B2ST အဖွဲ့

၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဟာ အေဂျင်စီရဲ့ အုပ်ချုပ်မှုမပါဘဲ ကိုယ်ပိုင်ရပ်တည်ကြတော့မှာပါ။

play

 

Cube Entertainment နဲ့  ၇ နှစ်တာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အောက်တိုဘာ ၁၅ ရက်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ကိုယ်တိုင်ပဲရပ်တည်တော့မယ်လို့ B2ST အဖွဲ့က ကြေညာလိုက်ပါတယ်။ လက်ရှိအဖွဲ့ဝင် ၅ ဦးလုံးက အေဂျင်စီနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ဆန္ဒမရှိကြပါဘူး။

play

 

အောက်တိုဘာ ၁၆ ရက်မှာ ကြားရတဲ့ အတွင်းသတင်းတွေအရတော့ B2ST အဖွဲ့သားတွေဟာ မွေးထုတ်ပေးခဲ့တဲ့ Cube အေဂျင်စီကို ကျေးဇူးတင်ပေမဲ့ နောက်ထပ်အသစ်တွေ ဖန်တီးချင်တာကြောင့် လမ်းခွဲလိုက်ရတာလို့ သိရပါတယ်။ အေဂျင်စီရဲ့ ထိန်းချုပ်မှုမပါဘဲ ကိုယ်ပိုင်ရပ်တည်ပြီး လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားတော့မယ့် B2ST ရဲ့ သီချင်းတွေက ဘယ်လိုများထူးခြားလာမလဲဆိုတာ စောင့်ရဖို့ပဲရှိပါတော့တယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ