AD
AD
AD

၂၀၀၀ပြည့်နှစ် ဝန်းကျင်က စတင်အောင်မြင်ခဲ့တဲ့ အဆိုတော်များစွာ ပါဝင်တဲ့ Back to Millennium ဖျော်ဖြေပွဲကြီးကိုတော့ နိုဝင်ဘာလထဲမှာ နောက်ဆုံးအကြိမ် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ဖျော်ဖြေပွဲကို နိုဝင်ဘာ(၁၈)ရက်နေ့ ရန်ကုန်မြို့  သုဝဏ္ဏ ဘူမိ Event Park မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

ယခုလို နောက်ဆုံးအကြိမ် ကျင်းပပြုလုပ်ရခြင်းဟာလည်း အနုပညာရှင်တွေ တော်တော်များများဟာ အနုပညာရပ်ဝန်းမှာ မရှိတော့တာ ဖြစ်သလို လူစုရတာ အခက်အခဲရှိတာကြောင့် လို့ သိရပါတယ်။

"‘နောက်ဆုံးအနေနဲ့လုပ်တာ က တခြားအကြောင်းတော့ မ ဟုတ်ဘူး။ ကျွန်တော်လည်း အား နာလို့။ အနုပညာရှင်တော်တော် များများက ဒီရပ်ဝန်းထဲမှာ မရှိ တော့ဘူး။ အနုပညာနဲ့ မအပ်စပ် တော့တဲ့အလုပ်တွေနဲ့ အခြေချနေ တယ်။ နောက်ပြီး မိသားစုတွေနဲ့၊ အဲဒီမှာ ကျွန်တော်ပွဲလုပ်တာနဲ့ သူ တို့တွေက မိသားစုတွေပစ်၊ လုပ် ငန်းတွေကို ပစ်ပြီး ဝင်လုပ်ကြရ တာ။ သူတို့ကလည်း Memory အရ သူတို့အိပ်မက်တွေကိုး’ လို့ ပွဲစီစဉ်သူ ကိုသက်ဖုန်းနိုင်က 7day Daily ကို ဖြေဆိုပေးထားပါတယ်။

play

 

Back To Millennium ဖျော်ဖြေပွဲမှာတော့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က အောင်မြင်ခဲ့တဲ့ အဆိုတော်များဖြစ်တဲ့ Acid၊ Theory ၊ Examplez ၊ Too-Big ၊ Teens၊ System၊ မြေပဲယို ၊ OKRA ၊ NO၊ Bambino၊ KOOK ၊ တို့အပြင် အခြားအဖွဲ့များလည်း ပါဝင်ဖျော်ဖြေဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲ လက်မှတ်တွေကိုတော ကျပ်တစ်သောင်းကနေ ခုနစ်သောင်းအထိ ငါးမျိုးသတ်မှတ်ထားပြီး အောက်တိုဘာ (၂၇)ရက်နေ့ကစပြီး လက်မှတ်များ ရောင်းချနေပြီလို့ သိရပါတယ်။

play

 

Back to Millennium ဖျော် ဖြေပွဲကို  ပထမဆုံးအကြိမ်အဖြစ် ယခုနှစ် ဖေဖော်ဝါရီအတွင်းက ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ရာ မန္တလေးမြို့မှာလည်း ဒုတိယအကြိမ် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

Postby

 

Source : 7day Daily
Photo  : Back to Millennium ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD