Movie & Music: နာကျင်စရာဖြစ်ရပ်အကြောင်း တင်ဆက်ထားတဲ့ မက်ဂန်ထရိန်နောရဲ့သီချင်းဗီဒီယို Better

အဘိုးဖြစ်သူနဲ့ အဆင်မပြေတဲ့အကြောင်းတွေ၊ ပဋိပက္ခတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

play

 

မက်ဂန်ထရိန်နောရဲ့ နောက်ဆုံးထွက်အယ်လ်ဘမ် Thank You ထဲက Better အမည်ရှိ သီချင်းရဲ့ဗီဒီယို စက်တင်ဘာ ၁၅ ရက်မှာ ထွက်ရှိလာပါတယ်။ ဒီသီချင်းကို မက်ဂန်ထရိန်နောနဲ့အတူ Yo Gotti ကလည်း ပါဝင်သီဆိုထားပါတယ်။

All About That Bass, Me Too တို့လို မြူးကြွတဲ့သီချင်းတွေနဲ့ နာမည်ကြီးတဲ့ မက်ဂန်ဟာ ဒီသီချင်းကိုတော့ ခပ်အေးအေးပဲ သီဆိုထားခဲ့တာပါ။ သီချင်းဗီဒီယိုထွက်ရှိလာချိန်မှာတော့ နာကျင်စရာကောင်းတဲ့ မိသားစုဖြစ်ရပ်ကို ရိုက်ကူးထားပါတယ်။

play

 

သူမက ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ပြီး အဘိုးဖြစ်သူနဲ့ အဆင်မပြေတဲ့အကြောင်းတွေ၊ ပဋိပက္ခတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

play

 

မြေးအဘိုးနှစ်ယောက်ကြားက မပြေလည်မှုတွေကနေ အဆုံးမှာ အဘိုးဖြစ်သူက ထောင်ကျသွားတဲ့အထိ ဖြစ်ခဲ့ရတာကို တွေ့ရပါတယ်။ မက်ဂန်က ယူကျုံးမရ နာကျင်စွာနဲ့ပဲ ကျန်ခဲ့ရတဲ့ပုံရိပ်တွေကို မြင်ရမှာဖြစ်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ