Movie & Music: BIG BANG အဖွဲ့ သီချင်းဗီဒီယိုသစ်နှစ်ပုဒ် ထွက်ရှိလာ

မကြည့်ရသေးရင် တစ်ပါတည်း ကြည့်လိုက်ပါဦး။

 

တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး၊ အကျော်ကြားဆုံး ကေပေါ့အဖွဲ့ BIG BANG ရဲ့ ပရိသတ်တွေ စောင့်မျှော်နေခဲ့တဲ့အချိန်ကို ရောက်လာခဲ့ပါပြီ။ ဒီဇင်ဘ ၁၂ ရက် ၊ ည ၁၂ နာရီမှာ သီချင်းသစ်တွေ တင်ပါ့မယ်လို့ ကတိပေးထားတဲ့အတိုင်း သီချင်းဗီဒီယိုသစ်နှစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။

ပထမတစ်ပုဒ်ကတော့ Last Dance လို့ အမည်ရပါတယ်။ သီချင်း အေးအေးဆွေးဆွေးလေးမို့ ခံစားလို့ကောင်းမှာပါ။

 

ဒုတိယတစ်ပုဒ် FXXK IT ကတော့ အားလုံး လည်ပင်းရှည်အောင် မျှော်ခဲ့ကြတဲ့ သီချင်းပေါ့။ BIG BANG အဖွဲ့သားတွေကလည်း ပုံတွေကိုကြိုပြထားတော့ ဒီဗီဒီယိုကို ပိုပြီးရင်ခုန်ခဲ့ကြရပါတယ်။ စောင့်မျှော်ခဲ့တဲ့ ပရိသတ်တွေလည်း စိတ်မပျက်ခဲ့ရပါဘူး။ ခေတ်လူငယ်တစ်စုရဲ့ လှုပ်ရှားပုံတွေအတိုင်း ပီပီပြင်ပြင် ပေါ့ပေါ့ပါးပါးနဲ့ သရုပ်ဆောင်ထားကြတာ တွေ့ရပါတယ်။ သီချင်းကလည်း အလန်းပါပဲ။ ကိုယ်တိုင် ကြည့်ရှုနားဆင်လိုက်ပါဦး။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ