Movie & Music: Billboard Hot 100 Festival ကို အလန်းစားဖျော်ဖြေမှုတွေ အဆုံးသတ်ခဲ့တဲ့ ကယ်ဗင်ဟားရစ်

ကယ်ဗင်ဟားရစ်ဟာ သြဂုတ်လ ၂၁ ရက်မှာ မြိုင်ဆိုင်လှတဲ့တေးသီချင်းတွေနဲ့ ဒုတိယအကြိမ်မြောက် Billboard Hot 100 Festival ပိတ်ပွဲကို ကျင်းပပေးခဲ့ပါတယ်။

play

 

ကမ္ဘာ့အချမ်းသားဆုံး ဒီဂျေသမားဖြစ်တဲ့ စကော့တလန်လူမျိုး ကယ်ဗင်ဟားရစ်ဟာ မကြာသေးမီကမှ ထွက်ရှိခဲ့တဲ့ "This is What You Came For" နဲ့ "How Deep is Your Love" သီချင်းတို့အပြင် ဂန္ထဝင်ဆန်တဲ့ "We Found Love" နဲ့ "Feel So Close" သီချင်းတို့အပါအဝင် နာမည်အကြီးဆုံးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

နယူးယော့ခ်မြို့ရှိ  Jones Beach Theater မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် Billboard Hot 100 Festival ပိတ်ပွဲမှာ ကယ်ဗင်ဟားရစ်က ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

play

 

ပရိသတ်များရဲ့ တခဲနက် အားပေးမှုနဲ့ ကယ်ဗင်ဟားရစ်ရဲ့ မြူးကြွလှတဲ့ ဖျော်ဖြေမှုတွေနဲ့ ဂီတပွဲတော်က မြိုင်မြိုင်ဆိုင်ဆိုင် အဆုံးသတ်သွားခဲ့ပါတယ်။

Source & Photos : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ