Movie & Music: Billboard ထိပ်ဆုံးသီချင်း ၁၀၀ စာရင်းမှာ PPAP လည်း ပါဝင်လာ

PPAP ဟာ နိုင်ငံတကာအထိ ပေါက်ရောက်သွားခဲ့ပါတယ်။

play

 

ဂျပန်ဟာသပညာရှင်၊ DJ သမား Daimaou Kosaka ဖန်တီးထားတဲ့ Piko-Taro ရဲ့ PPAP သီချင်းဟာ ကမ္ဘာတစ်လွှား ပျံ့နှံ့သွားပြီး Billboard Hot 100 စာရင်းကိုတောင် ရောက်လာပါပြီ။ နိုင်ငံတကာ ဂီတဝက်ဘ်ဆိုက်ရဲ့ ရေပန်းစားဆုံးသီချင်း ၁၀၀ စာရင်းမှာ PPAP က နံပါတ် ၇၇ နေရာမှာ ရပ်တည်နေပါတယ်။

PPAP (Pen-Pineapple-Apple-Pen) သီချင်းဟာ Billboard စာရင်းကိုရောက်လာတဲ့ သီချင်းတွေထဲမှာ အတိုဆုံးသီချင်းလည်း ဖြစ်လာပါတယ်။ စုစုပေါင်းမှ ၄၅ စက္ကန့်သာ ကြာမြင့်တဲ့သီချင်းပါ။

play

 

အင်တာနက်ပေါ်မှာ လူကြိုက်များလှတဲ့ ဒီသီချင်းကို ကနေဒါအဆိုကျော် ဂျက်စတင်ဘီဘာကလည်း "အင်တာနက်ပေါ်က အကြိုက်ဆုံးဗီဒီယို" ဆိုပြီး တွစ်တာပေါ်မှာ ခေါင်းစဉ်ပေးခဲ့ပြန်ပါသေးတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ