Movie & Music: Black Panther သရုပ်ဆောင်များကို Marvel Comic ထုတ်ပြန်ကြေညာ

၂၀၁၈ ခုနှစ်မှ ရုံတင်ပြသမှာဖြစ်ပေမယ့် Civil War ပြီးကတည်းက Balck Panther ကို စိတ်ဝင်စားနေကြပါတယ်။

play

 

ယခုသီတင်းပတ်ကုန်က ဆန်ဒေးဂိုးမှာ ပြုလုပ်ခဲ့တဲ့ Marvel စတူဒီယိုရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ Balck Panther ရဲ့ သရုပ်ဆောင်တွေကိုပါ ပွဲထုတ်လိုက်ပါတယ်။ Black Panther ကို Captain America : Civil War မှာ စတင်မြင်ခဲ့ရစဉ်ကတည်းက ပရိသတ်တွေက စောင့်မျှော်နေခဲ့ကြတာပါ။

play

 

အမေရိကန်ရုပ်ပြစာအုပ်တွေထဲမှာ ပထမဆုံး လူမည်းစူပါဟီးရိုးဖြစ်လာတဲ့ Black Panther ဟာ ဘန်တူနိုင်ငံရဲ့မင်းသားဖြစ်ပြီး တိုက်ခိုက်မှုစွမ်းရည်မြင့်မားကာ ဖျတ်လတ်သန်မာသူဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် Black Panther အဖြစ် ချက်ဒ်ဝစ် ဘို့စ်မန်း ၊ Okoye အဖြစ် ဒါနိုင် ဂါရီရာ နဲ့ Nakia နေရာမှာတော့ အော်စကာဆုရှင် လူပီတာညွန်းအို၊ Erik Killmonger နေရာမှာ မိုက်ကယ် ဘီ ဂျော်ဒန် တို့က ပါဝင်ကြမှာဖြစ်ပါတယ်။

play

 

ဂါရီရာကို Walking Dead ဇာတ်လမ်းတွဲတွေမှာ လူကြိုက်များခဲ့သလို လူပီတာညွန်းအိုဆိုရင်လည်း Twelve Years A Slave ဇာတ်ကားနဲ့ အော်စကာရခဲ့သူပါ။

Source : Marvel

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ