Movie & Music: နုပျိုလန်းဆန်းတဲ့ ကောင်မလေးတွေရဲ့ BlackPink ကေပေါ့အဖွဲ့ မကြာမီပွဲထွက်မယ်

လေ့ကျင့်နေကြတဲ့ ဗီဒီယိုကိုပဲ အကြိမ် ၅ သန်းကျော် ကြည့်ရှုခံခဲ့ရပါတယ်။

play

 

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်တွေကို မွေးထုတ်ပေးရာ YG Entertainment က BlackPink အဖွဲ့ စတင်ပွဲထွက်မယ့်ရက်ကို ကြေညာလိုက်ပါပြီ။ ငယ်ရွယ်လန်းဆန်းပြီး တက်ကြွတဲ့ BlackPink အဖွဲ့ဝင် ကောင်မလေး ၄ ဦးဟာ ပွဲမထွက်မီကတည်းက လူတွေရဲ့အာရုံကို သိမ်းပိုက်ထားနိုင်ကြသူတွေပါ။ ဂျန်နီ၊ ဂျီဆူ၊ လီဆာနဲ့ ရိုစီတို့ရဲ့ အကလေ့ကျင့်နေတဲ့ ဗီဒီယိုဆိုရင် YouTube ပေါ်မှာ ကြိမ်ရေ ၅ သန်းကျော် ကြည့်ရှုခံထားရပါတယ်။

play

 

BlackPink အဖွဲ့ဝင်တွေဟာ သြဂုတ် ၈ ရက်နေ့မှာ သူမတို့ရဲ့ ပထမဆုံးသီချင်းကို စတင်ဖြန့်ချိမှာဖြစ်သလို သြဂုတ် ၁၄ ရက်နေ့မှာလည်း SBS ရုပ်သံလိုင်းရဲ့ အစီအစဉ်မှာ ပါဝင်ဖျော်ဖြေကြတော့မှာ ဖြစ်ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ