Movie & Music: အယ်လ်ဘမ်သစ် ထွက်တော့မယ့် BLACKPINK

နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ထွက်ရှိမှာပါ။

play

 

ယခုနှစ် သြဂုတ်လကမှ စတင်ပွဲထွက်ခဲ့ပြီး သီချင်းနှစ်ပုဒ်တည်းနဲ့ အကြီးအကျယ်ပေါက်သွားတဲ့ BLACKPINK အဖွဲ့ရဲ့ အယ်လ်ဘမ်သစ်ကို မကြာမီ နားဆင်ရဖို့ရှိပါတယ်။

play

 

BLACKPINK ကို ဖွဲ့စည်းမိတ်ဆက်ပေးခဲ့တဲ့ YG Entertainment က ပိုစတာတစ်ခုနဲ့အတူ နိုဝင်ဘာ ၁ ရက်နေ့မှာ အယ်လ်ဘမ်သစ်ထွက်မှာဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။ ပိုစတာထဲမှာတော့ SQUARE TWO လို့ ဖော်ပြထားတာကြောင့် အယ်လ်ဘမ်သစ်ရဲ့အမည် ဖြစ်ဖို့များပါတယ်။ ထွက်ရှိမယ့်နေ့စွဲနဲ့အတူ WHO’S NEXT ဆိုပြီး ပိုစတာမှာ ရေးထားတာကတော့ စိတ်ဝင်စားစရာပါ။

play

 

အဖွဲ့ဝင်လေးဦး ပါဝင်တဲ့ BLACKPINK ဟာ Whistle နဲ့ Boombayah သီချင်းနှစ်ပုဒ်ကို ဖြန့်ချိထားပြီးပါပြီ။ နှစ်ပုဒ်လုံးကလည်း တောင်ကိုရီးယားသာမက ကမ္ဘာတစ်ဝန်းလုံးမှာပါ ပျံ့နှံ့ခဲ့ပါတယ်။

Source : Kpop Fighting

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ