Movie & Music: သီချင်းသစ်တစ်ပုဒ် ထပ်ဖြန့်လိုက်တဲ့ BLACKPINK

ထူးခြားတဲ့ သီချင်းတင်ဆက်မှု ပုံစံသစ်ကို ခံစားရပါလိမ့်မယ်။

play

 

သီချင်းနှစ်ပုဒ်တည်းနဲ့ ကေပေါ့ပ်လောကရဲ့ ထိပ်ဆုံးကိုရောက်လာပြီး နိုင်ငံတကာကိုပါ ထိုးဖောက်နိုင်ခဲ့တဲ့ BLACKPINK အဖွဲ့က သီချင်းဗီဒီယိုသစ်တစ်ပုဒ် ထပ်မံဖြန့်ချိလိုက်ပါတယ်။

play

 

အောက်တိုဘာ ၃၁ ရက် ညမှာ ထွက်ရှိလာတဲ့ STAY ဆိုတဲ့ သီချင်းကိုလည်း ပရိသတ်တွေ နှစ်ခြိုက်ကြဦးမှာပါ။ သီချင်းပုံစံကလည်း ဆန်းပါတယ်။ ဘာဂျာသံလေးနဲ့အတူ ဆွေးဆွေးလေး စတင်ထားပြီး လူသူကင်းမဲ့တဲ့ မြို့ပျက်ကြီးထဲမှာ မိန်းကလေး ၄ ယောက်က သရုပ်ဆောင်ထားပါတယ်။

play

 

သီချင်းအလယ်ပိုင်းလောက်မှာတော့ ခပ်သွက်သွက်ပုံစံကို ပြောင်းသွားကာ ရပ်ပ် စာသားတွေနဲ့ အားဖြည့်ထားပုံက အခြားကေပေါ့ပ်သီချင်းတွေနဲ့ ကွဲပြားနေတာမို့ ဒီသီချင်းဟာလည်း ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်မယ်လို့ ယုံကြည်ရပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ