Movie & Music: Captain Marvel အဖြစ် ဘရီးလာဆန် သရုပ်ဆောင်မည်

play

 

Marvel ရုပ်ပြရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင်ဇာတ်ရုပ် Captain Marvel ကို အမေရိကန်မင်းသမီး ဘရီးလာဆန်နဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် လာဆန်ဟာ ယခုနှစ်မှာ Room ဇာတ်ကားနဲ့ ကမ္ဘာတစ်ဝန်း ရုပ်ရှင်ပရိသတ်ရဲ့အသည်းအိမ်ကို ကိုင်လှုပ်နိုင်ခဲ့သူပါ။ ဒီဇာတ်ကားနဲ့ပဲ အော်စကာနဲ့ ရွှေကမ္ဘာလုံးဆုအပါအဝင် ဆုပေါင်း ၇ ဆုကို သိမ်းပိုက်ထားပါတယ်။ လေတပ်ပိုင်းလော့ ကာရိုးလ် ဒန်ဗာဟာ မတော်တဆမှုတစ်ခုဖြစ်ပွားရာကနေ ခန္ဓာကိုယ်ထဲမှာ ဂြိုဟ်သားတစ်ကောင်ရဲ့ DNA တွေ ပေါင်းစပ်သွားခဲ့ရာက ထူးခြားစွမ်းအားတွေ ပိုင်ဆိုင်သွားပြီး Captian Marvel ဖြစ်လာခဲ့ပါတယ်။

play

 

စနေနေ့ညမှာ Warner Brothers ရုပ်ရှင်ထုတ်လုပ်ရေးက မကြာခင်ပြသမယ့် ဇာတ်ကားအချို့ကို မိတ်ဆက်ပြသခဲ့ပြီး Captain Marvel နေရာမှာ ဘရီးလာဆန်နဲ့ ရိုက်ကူးသွားမယ့်အကြောင်း တစ်ပါတည်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်ထက် စောပြီး ကြည့်ရဖို့တော့ မရှိသေးဘူးဆိုတာက စိတ်မကောင်းစရာပါ။

play

Warner Brothers ရဲ့ ကြေညာချက်အပြီးမှာပဲ ဘရီးလာဆန်က သူမရဲ့တွစ်တာပေါ်မှာ "ကျွန်မကို Captian Marvel" လို့ ခေါ်ပါလို့ ဆိုလိုက်ပါတယ်။ Marvel Studio စာတမ်းပါ ဦးထုပ်လေးကိုဆောင်းထားတဲ့ ဆွဲဆောင်မှုအပြည့် ဟန်ကလေးနဲ့ပေါ့။

Source : Hollywood Reporter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ