Movie & Music: ဒါရာနဲ့ ကင်ဟေးဂျင်တို့ ပါဝင်မယ့် 'Cheese in the Trap' 2 ဒရာမာဇာတ်လမ်းတွဲ

တရားဝင်ကြေညာလိုက်ပါပြီ။

ဧပြီလမှာ စတင်ရိုက်ကူးတော့မယ့် 'Cheese in the Trap' 2 မှာ ဒါရာနဲ့ ကင်ဟေးဂျင်တို့ ပါဝင်မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

play

 

"ဒါရာက ဂျန်ဘိုရာအဖြစ် ပါဝင်မှာဖြစ်ပြီး မင်းသား ကင်ဟေးဂျင်က ကွန်အန်တိတ်အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်" လို့ တရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။

ပထမဇာတ်ကားဖြစ်တဲ့ Cheese in the Trap ဇာတ်ကားဟာ တက္ကသိုလ်ကျောင်းသားအုပ်စုလေးတစ်စုရဲ့ ဘဝနဲ့ အချစ်ရေးကို ပြသတဲ့ ဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်။ အထူးသဖြင့် ဟေဆိုးနဲ့ သူမရဲ့ဆီနီယာ ယူဂျန်းတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချစ်ရေးကို ပြသထားတာ ဖြစ်ပါတယ်။

ပထမဇာတ်လမ်းတွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်ပြသခဲ့ပြီး မတ်လ ၁ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ပါ့ခ်ဟေဂျင်း (Park Hae-jin)  ကင်ဂိုအမ် (Kim Go-eun) နှင့် ဆိုးကန်ဂျွန်း (Seo Kang-joon) တို့ အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play

 

'Cheese in the Trap' 2 ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်မယ့် ဒါရာနဲ့ ကင်ဟေးဂျင်တို့ဟာ ဇာတ်လမ်းအတွက် မတ်လ ၂၅ ရက်နေ့မှာ ပထမဆုံးတွေ့ဆုံခဲ့ကြပါတယ်။ ရိုက်ကူးရေးကိုတော့ ဧပြီလမှာ စတင်မယ်လို့ သိရပါတယ်။

Source & Photos : ilovekstars

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ