Movie & Music: CL ရဲ့ အမိုက်စားသီချင်းသစ် Lifted

အင်္ဂလိပ်ဘာသာစကားနဲ့ပဲ သီဆိုထားပါတယ်။

play

 

နမူနာဗီဒီယိုတင်လိုက်၊ ပိုစတာတွေတင်လိုက်နဲ့ ပရိသတ်အာရုံကို သိမ်းပိုက်ထားတဲ့ CL ရဲ့ Lifted သီချင်းကတော့ သြဂုတ် ၁၈ ရက် ညပိုင်းမှာ ထွက်လာခဲ့ပါပြီ။ သူမ ဆိုခဲ့သမျှ သီချင်းတွေထဲမှာ အင်္ဂလိပ်ဘာသာစကားနဲ့ အစအဆုံးဆိုထားတဲ့ ပထမဆုံးသီချင်းလည်း ဖြစ်လာပါတယ်။

play

 

2NE1 အဖွဲ့ခေါင်းဆောင် CL ဟာ အသံလည်းကောင်းသလို စတိုင်လည်းလန်းတာကြောင့် ကမ္ဘာတစ်ဝန်းက ကေပေါ့ပ်ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်ခုရထားသူပါ။ ယခု သီချင်းထဲမှာလည်း ကေပေါ့ပ်ဟန်ပန် သိပ်မတွေ့ရဘဲ ရပ်ပ်စာသားတွေကို ထိထိမိမိရွတ်ဆိုထားပါတယ်။

play

CL ရဲ့ နောက်ထပ် နာမည်ကြီးဂုဏ်ပုဒ်ဖြစ်တဲ့ ကကွက်ကောင်းကောင်းတွေကိုလည်း မြင်ရဦးမှာပါ။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ